မုန်တိုင်းအပျက်အစီးတွေကြားကနေ မိုင် ၃၀ ခရီးနှင်ပြီး သမီးမင်္ဂလာဆောင်ကို အရောက်သွားခဲ့တဲ့ ဖခင်

3.10.2024-yyl-4.png

ပုံမှန်အားဖြင့်တော့ တောင်ပိုင်းကာရိုးလိုင်းနားပြည်နယ်ကနေ တင်နက်ဆီပြည်နယ်၊ ဂျွန်ဆင်မြို့ကို သွားရင် ၂ နာရီလောက် ကားမောင်းသွားရတာပါ။ ဒါပေမဲ့ ဟာရီကိန်းမုန်တိုင်း ဟယ်လင်ကြောင့် လမ်းမှာ အပျက်အစီး အပိုင်းအစတွေ ပိတ်နေလို့ ဒီခရီးက ၁၂ နာရီခွဲ ကြာမြင့်သွားခဲ့ပါတယ်။

ဒေးဗစ်ဂျုံးစ်ဟာ အမှတ် ၂၆ ပြည်နယ်ချင်းဆက်လမ်းမကြီးပေါ်က အတားအဆီးတွေကို ကျော်ဖြတ်ပြီး နံနက် ၂ နာရီအချိန်မှာ တင်နက်ဆီပြည်နယ်ထဲ ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အပျက်အစီးတွေကြောင့် ဖြတ်သွားလို့မရကြောင်း ပြည်နယ်တပ်ဖွဲ့ဝင်တွေက သတိပေးကြပါတယ်။ ဒေးဗစ်ဂျုံးစ်ကတော့ လက်မလျှော့ခဲ့ပါဘူး။ နံနက် ၁၁ နာရီအမီ သမီးမင်္ဂလာဆောင်ကို ရောက်ဖို့သာ စိတ်အားထက်သန်နေခဲ့တာပါ။

သူဟာ မှောင်မှောင်မည်းမည်းထဲမှာ ဖုန်းမီးကို ဖွင့်ပြီး ရွံနွံတွေကြား ခြေလျင်ခရီးနှင်ခဲ့ပါတယ်။ ၆ ပေ၊ ၇ ပေမြင့်တဲ့ အပျက်အစီးတွေကို ကျော်တက်ခဲ့ရသလို ဒူးလောက်နစ်တဲ့ ရွံ့နွံတွေကြားလည်း ဖြတ်ခဲ့ရပါတယ်။ ရွံတောထဲမှာ ဖိနပ်ပျောက်သွားလို့ ခြေဗလာနဲ့ ခရီးနှင်ခဲ့ရပြီး ခရီးလမ်းတစ်ထောက်မှာတော့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်နဲ့ဆုံလို့ ထရပ်ကားနဲ့ လမ်းကြုံလိုက်ခွင့်ရခဲ့ပါတယ်။

အဲဒီအတွက် ဒေးဗစ်ဂျုံးစ်ဟာ သမီးရဲ့မင်္ဂလာဆောင်ကို အချိန်မီ ရောက်သွားခဲ့ပြီး မင်္ဂလာပွဲမှာ သတို့သမီးရဲ့ဖခင်အဖြစ် ခန်းမထဲအတူ လျှောက်လှမ်းပေးနိုင်ခဲ့ပါတယ်။ ” အဖေက ကျွန်မကို အဲဒီလောက်တောင်ချစ်တယ်ဆိုတာ သိလိုက်ရတဲ့ ပြောမပြတတ်အောင် ခံစားရပါတယ်”လို့ သမီးဖြစ်သူ အဲလိစဘတ်က ဆိုပါတယ်။

Ref: Dad Treks 30 Miles Through Hurricane Debris To Walk Daughter Down The Aisle
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top