ငယ်စဉ်က လျိုယီဖေး အရမ်းလှလို့ အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦး ဝေဖန်ပြောဆိုခံရ

11.5.2023-yyl-11.jpg

တရုတ်မင်းသမီးချော လျိုယီဖေးဟာဆိုရင် နတ်သမီးတစ်ပါးလို လှပတဲ့ မင်းသမီးအဖြစ် အသိအမှတ်ပြုခံရသူပါ။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ သူက အခုလိုအရမ်းလှလွန်းလို့ ကလေးဘဝက အနိုင်ကျင့်ခံခဲ့ရပါသေးတယ်။ မကြာသေးခင်ကမှ ယီဖေးရဲ့ဇာတ်လမ်းတွဲတွေကို ကြည့်ဖို့ အဖွဲ့ဝင်ကြေးပေးဆောင်ခဲ့ရလို့ မပျော်မရွှင်ဖြစ်နေတဲ့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ကလေးဘဝတုန်းက ယိဖေးကို အနိုင်ကျင့်ခဲ့ဖူးတယ်လို့လည်း ထုတ်ပြောလာခဲ့ပါတယ်။ ယိဖေးက အရမ်းလှပြီး ကောင်းကောင်းကနိုင်တဲ့အတွက်ကြောင့် အနိုင်ကျင့်ခဲ့တာလို့ သူက ဆိုပါတယ်။ သူက ခဏခဏအနိုင်ကျင့်ခဲ့တယ်လို့တောင် ထုတ်ပြောခဲ့တာပါ။

အဲဒီလိုလုပ်ခဲ့တာကို လုံးဝနောင်တမရခဲ့သလိုမျိုး ပြောခဲ့တာပါ။ အဲဒါကြောင့် လျိုယိဖေးကို အနိုင်ကျင့်ခဲ့တယ်လို့ ပြောခဲ့တဲ့ အဲဒီလူမှုကွန်ယက်အသုံးပြုသူကို အခြားလူမှုကွန်ယက်အသုံးပြုသူတွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ သူက နာမည်ကြီးဖို့ ကြိုးစားနေတာ၊ အဲဒါကြောင့်မို့ တစ်ယောက်ယောက်ကို အနိုင်ကျင့်ခဲ့တယ်ဆိုတာကို အရှက်မဲ့စွာ ပြောထွက်ရတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

အခြားလူမှုကွန်ယက်အသုံးပြုသူတွေကလည်း အမေရိကန်မှာ ပညာသင်ရင်း အနိုင်ကျင့်ခံရတယ်လို့ ပြောခဲ့ဖူးတဲ့ ယိဖေးရဲ့အင်တာဗျူးအကြောင်းကိုလည်း ပြန်ပြောခဲ့ကြပါတယ်။ ကိုရီးယားမိန်းကလေးအဖွဲ့တစ်ဖွဲ့က သူ့ဆံပင်ကို ဆောင့်ဆွဲတာ၊ ခန္ဓာကိုယ်မှာ ရုပ်ပုံတွေဆွဲတာတွေလုပ်ပြီး သူ့ကို အနိုင်ကျင့်ခဲ့ကြတယ်လို့ ယိဖေးဟာ အဲဒီတုန်းက ထုတ်ပြောခဲ့တာပါ။ အဲဒီအချိန်က သူတို့ရဲ့လုပ်ရပ်တွေဟာ သူ့ကို အရမ်းစိတ်ဓာတ်ကျစေခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ယိဖေးရဲ့သူငယ်ချင်းတွေက သူ့ရဲ့ရှေ့ကနေ ရပ်တည်ပေးပြီး သူ့ရဲ့ကိုယ်စား ကျောင်းအုပ်ကြီးကို တိုင်ကြားခဲ့လို့ အဲဒီမိန်းကလေးအဖွဲ့ အပြစ်ပေးခံရပြီး တစ်ပတ် ကျောင်းနားခံခဲ့ရပါတယ်။

Ref: Netizen Slammed For Bragging That She Bullied Liu Yifei When They Were Kids ‘Cos
The Star Was Too Pretty

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top