အုပ်ထိန်းသူအမျိုးသားရဲ့ခွင့်ပြုချက်မလိုဘဲ ခရီးသွားလာနိုင်ကြတော့မယ့် ဆော်ဒီအမျိုးသမီးများ

1038375595.jpg

ဆော်ဒီအာရေဗျနိုင်ငံကအမျိုးသမီးတွေဟာ ဒီနှစ်နှောင်းပိုင်းလောက်ကစပြီး အုပ်ထိန်းသူခွင့်ပြုချက်မလိုဘဲ နိုင်ငံရပ်ခြားခရီးစဉ်တွေကို သွားခွင့်ရနိုင်တော့ မယ့်အကြောင်း ဆော်ဒီတော်ဝင်မိသားစုက Wall Street Jounal ကို အတည်ပြုပြောပြခဲ့တယ်လို့သိရပါတယ်။

ဒါပေမဲ့ အုပ်ထိန်းမှုဥပဒေက ဒီနှစ်နှောင်း ပိုင်းလောက်မှာမှ ပယ်ဖျက်မှာဖြစ်လို့ လက်ရှိအချိန်ထိတော့ ဆော်ဒီအမျိုးသမီးတွေဟာ နိုင်ငံရပ်ခြားခရီးသွားဖို့ ဆွေမျိုးရင်းချာအမျိုးသားတစ်ဦး (သို့) အုပ်ထိန်းသူအမျိုးသားရဲ့ခွင့်ပြုချက်ကို ရယူနေကြရဆဲပါ။

ဆော်ဒီနိုင်ငံမှာသတ်မှတ်ပြဌာန်းထားတဲ့ အုပ်ထိန်းမှုဥပဒေတွေအရ ဆော်ဒီအမျိုးသမီး ကြီး ငယ်မဟူ နိုင်ငံခြားသွားဖို့ (သို့) ပတ်စ်ပို့ကိုင်ဆောင်ဖို့အတွက် ဆိုရင် အုပ်ထိန်းသူအမျိုးသားတစ်ဦးကခွင့်ပြုပေးမှ ရနိုင်တာဖြစ်ပါတယ်။

အရင်ကတော့ ဆော်ဒီအမျိုးသမီးတွေကို ယာဉ်မောင်းနှင်ခွင့်မပြုထားခဲ့ပေမဲ့ ပြီးခဲ့တဲ့ဇွန်လကစလို့ ဒီဥပဒေကိုဖြေလျှော့ပေးလိုက်ပြီး ယာဉ်မောင်းလိုင်စင် တွေလည်းထုတ်ပေးခဲ့လို့ “အမျိုးသမီးတွေကို ယာဉ်မောင်းနှင်ခွင့်မပြုတဲ့ ကမ္ဘာ့တစ်ခုတည်းသောနိုင်ငံ” ဆိုတဲ့ဂုဏ်ပုဒ်ကို ဖျက်သိမ်းအဆုံးသတ်နိုင်ခဲ့ပါပြီ။

ဒါပေမဲ့ အမျိုးသမီးတွေရဲ့အိမ်ထောင်ပြုခွင့်နဲ့ အကျဉ်းကျသူတွေ ပြစ်ဒဏ်စေ့ပြီးချိန် လွတ်မြောက်ခွင့်ဆိုင်ရာကိစ္စတွေမှာတော့ ဆက်လက်ပြဌာန်းထားဆဲ ဥပဒေတွေအရ ဆွေမျိုးရင်းချာအမျိုးသားတစ်ဦးဦးရဲ့ခွင့်ပြုချက်ကို ရရှိဖို့လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Ref: Dailymail “Saudi women ‘will be able to leave the country without a man’s permission from later this year’ under planned reforms to guardianship laws”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top