သမီးဖြစ်သူအထက်တန်းဒီပလိုမာဘွဲ့ယူတာကို ဖခင်ဖြစ်သူမသေခင်မြင်ခွင့်ရဖို့ သီးသန့်ဖန်တီးပေးခဲ့တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား

dad1.jpg

ဘီလ် ကာဝင်းဆိုသူ အားကစားနည်းပြတစ်ဦးဟာ နောက်ဆုံးအဆင့်ကင်ဆာရောဂါခံစားနေရပါတယ်။ သူ သေဆုံးရတော့မှာဖြစ်လို့ အသက် ၁၈ နှစ်အရွယ်သမီးဖြစ်သူ အထက်တန်းကျောင်းကနေ ဘွဲ့ရတာကို သူ မြင်တွေ့ရဖို့ ရပ်ကွက်အသိုင်းအဝိုင်းက သီးသန့်အခမ်းအနားတစ်ခုပြင်ဆင်ပေးခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို မတ်လ ၁၆ ရက်နေ့က Huntington Beach က ပန်းခြံတစ်ခုမှာ ပြုလုပ်ခဲ့တာပါ။ ဖခင်ဖြစ်သူက သမီးဖြစ်သူကို ဘွဲ့လက်မှတ် ကိုယ်တိုင်အပ်နှင်းပေးခဲ့ပါတယ်။

သမီးဖြစ်သူ အက်ဘီ ကာဝင်းက ” သူ့အတွက် ဒါဟာ အရမ်းအဓိပ္ပာယ်ရှိပြီး ရင်ထဲ စို့နစ်ရတယ်။ ဖခင်ဖြစ်သူဆီက ဒီပလိုမာရလိုက်တာကို သိလိုက်ရတော့ သူ ခြေလှမ်းကြီးတစ်ခု လှမ်းလိုက်ရသလိုပါပဲ ” လို့ ပြောပါတယ်။

ဘီလ်ဟာ ပန်ကရိယကင်ဆာရောဂါ အဆင့် ၄ ဖြစ်နေတယ်လို့ စစ်ဆေးမတွေ့ရှိခင်က Huntington Beach Union High School District မှာ လူငယ်အားကစားနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ရောဂါတွေ့ရှိပြီး ၂ လအတွင်းမှာ ကုသမှုတွေခံယူခဲ့ပေမဲ့ ရောဂါအခြေအနေဆိုးရွားကာ ဆက်ကုသဖို့မဖြစ်နိုင်တော့လို့ ဘီလ်ဟာ ကုသမှုတွေအကုန်လုံး ရပ်ပစ်လိုက်ရပါတယ်။

အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့တဲ့ ဘီလ်ရဲ့အခြေအနေကို ကြားသိခဲ့ရတဲ့သူတွေက ဘွဲ့အခမ်းအနားကို ပြင်ဆင်ပေးခဲ့တာပါ။ အခမ်းအနားကို ကျောင်းခရိုင်ကြီးကြပ်ရေးမှူးနဲ့ အထက်တန်းကျောင်းအုပ်ကြီးအပါအဝင် လူတော်တော်များများ တက်ရောက်အားပေးခဲ့ကြပါတယ်။

အက်ဘီက စင်ပေါ်မှာ ရှိနေခဲ့တဲ့ တစ်ချိန်လုံး ဖခင်ဖြစ်သူရဲ့လက်ကို ကိုင်ထားခဲ့ပါတယ်။ အခမ်းအနားမှာ အက်ဘီပြောခဲ့တာက “အဖေကို အရမ်းချစ်ပါတယ်။ သမီးတွေ့ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးယောကျ်ားတစ်ယောက်ပါ။ အဖေဆီက သမီးရဲ့ဒီပလိုမာဘွဲ့ကို လက်ခံရလို့ အရမ်းဂုဏ်ယူမိတယ်”တဲ့။ ဖခင်ဖြစ်သူက ဘီလ်ကတော့ အဖေတစ်ယောက်အနေနဲ့ သူ့သမီးအတွက် ဂုဏ်ယူနိုင်တော့မှာမဟုတ်ဘူးလို့ ပြောပါတယ်။

တစ်နေ့ကျ အက်ဘီက သူနာပြုတစ်ယောက်ဖြစ်အောင်လုပ်ဖို့ စီစဉ်ထားပြီး သူ့အဖေကတော့ ဆက်ပြီးပံ့ပိုးပေးနိုင်တော့မှာမဟုတ်ပါဘူး။

Ref: Dad with Terminal Cancer Gives Daughter High School Diploma in Early Graduation Ceremony. ‘Couldn’t Be More Proud,’ He Says

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top