ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာရန် နီးစပ်နေ

6-4-2020-yyl-044.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ ကြိုးစားတဲ့အနေနဲ့ ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့နဲ့ တခြားဒေသခြောက်ခုမှာ အရေးပေါ်အခြေအနေ ကြေညာဖို့ နီးစပ်နေပါပြီ။ အစောဆုံးအနေနဲ့ ဧပြီလ ၇ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေညာနိုင်ဖွယ်ရှိတယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးကဏ္ဍကို အထောက်အပံ့ဖြစ်စေဖို့အတွက် အကြီးအကျယ် ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ်ကိုလည်း ရှင်ဇိုအာဘေးက ကြေညာခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ပမာဏ နည်းပါးပေမဲ့ တိုကျိုမြို့မှာ ကူးစက်ခံရသူ တဟုန်ထိုးမြင့်တက်နေလို့ ကပ်ဘေးကြီး ပေါ်ပေါက်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

ဂျပန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၈၅ ယောက် ရှိနေပြီး တိုကျိုမြို့မှာ ကူးစက်ခံရသူ ၁၀၀၀ ကျော် ရှိနေပါတယ်။ အဲဒီပမာဏဟာ လွန်ခဲ့တဲ့တစ်ပတ်ကထက် ၂ ဆကျော် မြင့်တက်လာခဲ့တာပါ။ ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာဖြစ်ရင် တစ်လလောက် ကြာမြင့်မှာဖြစ်ပြီး တိုကျို၊ အိုဆာကာနဲ့ တခြားစီရင်စု ၅ ခုအပေါ် အကျုံးဝင်သက်ရောက်လိမ့်မယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top