ညီမဖြစ်သူကို အသက်နဲ့ရင်းပြီး ကာကွယ်ခဲ့တဲ့ ၁၀ နှစ်သား ကလေးငယ်

save.webp

သေမင်းနဲ့ စစ်ခင်းပြီး သတိပြန်ရလာချိန်မှာ သူ မေးတဲ့မေးခွန်းက ” ညီမလေးကို ကယ်လိုက်နိုင်လား”ဆိုတာပါပဲ။ အန်ဒရူးဟောင်းဝပ်ဟာ ၁၀ နှစ်အရွယ် သားဖြစ်သူ ထရေးနဲ့ နောက်ထပ်ကလေးအငယ် ၂ ယောက်ကို ကျောင်းကနေ ကြိုလာပြီး ဖီလာဒဲဖီးယားမြို့ အရှေ့မြောက်ဘက်က ဆိုင်မှာ ဒိုးနတ်သွားစားခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စင်း သူတို့နားမှာ ပျက်ကျပြီး ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးလုံးတွေ၊ လွှင့်စင်ပျံဝဲနေတဲ့ အပျက်အစီး အပိုင်းအစတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။ ကားနောက်ခန်းမှာ ထိုင်နေတဲ့ ထရေးရဲ့ အော်သံကြားလို့ အန်ဒရူးဟောင်းဝပ် လှည့်ကြည့်လိုက်ချိန်မှာတော့ ထရေးက သူ့ညီမလေးကို ခန္ဓာကိုယ်နဲ့ ကာပေးထားရင်း သူ့ခေါင်းမှာ သံချောင်းတစ်ချောင်း စိုက်ဝင်နေတာကို တွေ့ခဲ့ရပါတယ်။

သွေးထွက်မလွန်အောင် ဒဏ်ရာကို အဝတ်စနဲ့ ဖိပေးထားရင်း ဆေးရုံ ပို့ခဲ့ရပါတယ်။ ဒဏ်ရာက ပြင်းထန်လို့ အရေးပေါ် ခွဲစိတ်မှုလုပ်ခဲ့ရပြီး ဆရာဝန်တွေက ထရေးကို ကယ်နိုင်ဖို့ မသေချာဘူးလို့ ဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ထရေးဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး သတိပြန်လည်လာချိန်မှာ သူ မေးတဲ့ မေးခွန်းကတော့ ” Super Bowl ပွဲ လွတ်သွားပြီလား၊ ညီမလေးကိုရော ကယ်လိုက်နိုင်လား”ဆိုတာပါပဲ။

ထရေးက ခန္ဓာကိုယ်နဲ့ ကာပေးထားတဲ့အတွက် ညီမဖြစ်သူကတော့ ဘေးကင်းလုံခြုံခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

Ref: ‘Daddy, did I save my sister?’ asks boy injured in Philadelphia plane crash

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top