အလင်းထက်ပိုမြန်တဲ့အရာ

40381353_1369461726518903_3423317809424236544_n.jpg

အလင်းရဲ့ အလျင်ထက် ဘယ်အရာကမှ ပိုမြန်အောင် မသွားနိုင်ပါဘူး။ ခြွင်းချက်အနေနဲ့ အမှောင်ရဲ့ အလျင်ကတော့ မြန်ပါတယ်တဲ့။ ဘယ်အရာကမှ အလင်းရဲ့ အလျင်ထက် မြန်အောင်မသွားနိုင်ပေမဲ့

အရိပ် (Shadow) ကတော့ သွားနိုင်ပါတယ်။ ရူပဗေဒရဲ့ အခြေခံဥပဒေသတွေကို ချိုးဖောက်ခြင်းမရှိဘဲ ဒါဟာ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာကို ကြည့်လိုက်ရအောင်ပါ။

သင့်မှာ ကြာသပတေး (Jupiter) ဂြိုလ် အထိရောက်အောင်သွားနိုင်တဲ့ အလင်းလွှတ်ပစ္စည်းတစ်ခုရှိတယ်လို့ မှတ်ယူလိုက်ပါ။ ပြီးတော့ အဲဒီ အလင်းရောင်ဟာ ဂြိုလ်ရဲ့ အချင်းတစ်ခုလုံး (မြင်ရမယ့် မျက်နှာပြင်တစ်ခုလုံး) ကို ဖုံးလွှမ်းနိုင်တယ်လို့ယူဆပါ။ အဲဒီနောက် မှန်ဘီလူးရဲ့ ရှေ့ကနေ သင့်ရဲ့လက်ကို လျင်မြန်စွာ ဖြတ်သန်းစေမယ်ဆိုရင် အဲဒီအရိပ်ဟာ ဂြိုလ်ပေါ်မှာ ချက်ချင်းသွားပြီး ဖြစ်ပေါ်တာကိုတွေ့ရမှာပါ။ ကြာသပတေးဂြိုလ်ရဲ့ အကွာအဝေးဟာ 86,118 မိုင်ဖြစ်ပြီး အလင်းရဲ့ အလျင်ကတော့ တစ်စက္ကန့်ကို 186,000 မိုင်ဖြစ်ပါတယ်။

(ဆိုလိုတာက သင်ဟာ သင့်ရဲ့လက်ကို တစ် စက္ကန့်ရဲ့ လေးပုံတစ်ပုံစာမှာ မှန်ဘီလူးရှေ့မှာ ဖြတ်သန်းစေမယ်ဆိုရင် လေးပုံတစ်ပုံစာရဲ့ အလျင်ဟာ 86118 မိုင်ဖြစ်ပြီး တစ်စက္ကန့်စာအတွက်ဆိုရင်တော့ အရိပ်ရဲ့ အလျင်ဟာ (4*86,118=344,472) 344,472 မိုင်ဖြစ်သွားမှာဖြစ်ပြီး အလင်းထက်ပိုမြန်သွားပါပြီ)

အဲဒီတော့ အလင်းထက် ဘယ်အရာကမှ မြန်အောင်မသွားနိုင်ဘူးလို့ ပြောခဲ့တာ မှတ်မိမယ်ထင်ပါတယ်။ ဟုတ်ပါပြီ…ဒါဟာ ဒီကိစ္စရဲ့ သော့ချက်ဖြစ်ပါတယ်။ အရိပ်ဆိုတာဟာ ဘာမှမရှိခြင်းသာဖြစ်ပါတယ်။ အလင်းထဲမှာပါတဲ့ အမှုန်လေးတွေ မရှိနေခြင်းသာ ဖြစ်ပါတယ်။ အရိပ်ဆိုတာဟာ ရွေ့လျားနိုင်တဲ့အရာမဟုတ်တာကြောင့် အလင်းလိုမျိုး အလျင်တစ်ခုနဲ့ သွားတာမဟုတ်တဲ့အတွက် သူရဲ့ဖြစ်တည်မှုကို အလျင်အနေနဲ့ သတ်မှတ်လို့မရပါဘူး။

ဒါကြောင့် သင်သိထားတဲ့ အလင်းကသာ အမြန်ဆုံးဆိုတဲ့ အချက်ဟာ မှန်ကန်နေဆဲဖြစ်ပါတယ်။

Ref: Curiosity ”Darkness is Faster than the speed of light”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top