Star Wars ဇာတ်ကောင် ဒါ့သ်ဗေဒါရဲ့အသက်သရုပ်ဆောင် ဂျိမ်းစ်အာလ်ဂျုန်း ကွယ်လွန်

10.9.2024-yyl-2.jpg

Star Wars ဇာတ်ကားရဲ့ ဒါ့သ်ဗေဒါဇာတ်ကောင်နောက်ကွယ်က အသံပိုင်ရှင်ဖြစ်တဲ့ မင်းသား ဂျိမ်းစ်အာလ်ဂျုန်းက အသက် ၈၃ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့မနက်ပိုင်းက သူ့နေအိမ်မှာ သူ သေဆုံးသွားခဲ့တယ်ဆိုတာကို သူ့ရဲ့ကိုယ်စားလှယ် ဘယ်ရီ မက်ဖာဆန်က အတည်ပြုပေးခဲ့တာပါ။ သူ သေဆုံးရခြင်းအကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

ဂျိမ်းက သူ့အနုပညာသက်တမ်းတစ်လျှောက်မှာ Tony Awards ဆု၂ ဆု၊ Grammy ဆု ၁ ဆု နဲ့ Primetime Emmy Awards ၂ ဆု အပါအဝင် ဆုများစွာရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပါ။ သူဟာ တစ်သက်တာအောင်မြင်မှုအတွက် ဂုဏ်ထူးဆောင် အော်စကာဆုနဲ့ Tony အထူးဆုကိုလည်း ပေးအပ်ခံခဲ့ရတာပါ။

သူဟာ Star Wars ဇာတ်ကောင် ဒါ့သ်ဗေဒါရဲ့အသံသရုပ်ဆောင်အပြင် The Lion King မှာ မူဖာဆာအဖြစ်လည်း အသံသရုပ်ဆောင်ခဲ့ပါတယ်။

Ref: Darth Vader voice actor James Earl Jones dies at 93

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top