၁၉ နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ စက်တင်ဘာ ၁၁ ရက်အကြမ်းဖက်တိုက်ခိုက်မှု

11-9-2020-yyl-028.jpg

လွန်ခဲ့တဲ့ ၁၉ နှစ်က အမေရိကန်နိုင်ငံ စီးပွားရေးအင်အားရဲ့ပြယုဂ်လို့ တင်စားထားတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာရဲ့ ညီနောင်တာဝါ ပြိုကျစေခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အယ်လ်ကေးဒါးအဖွဲ့က အမေရိကန်ခရီးသည်တင် လေယာဉ် ၄ စင်းကို ပြန်ပေးဆွဲပြီး ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၊ ပင်တဂွန်စစ်ဌာနချုပ်နဲ့ ဝါရှင်တန်ဒီစီတို့ကို တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်ခဲ့တာပါ။ လေယာဉ်နှစ်စင်း ဝင်တိုက်လို့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာရဲ့ ညီနောင်တာဝါ ပြိုကျခဲ့ပြီး နောက်ထပ်လေယာဉ်တစ်စင်းကြောင့် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့တယ်။ ဒါပေမဲ့ ဝါရှင်တန်ဒီစီကို ဦးတည်ခဲ့တဲ့ ခရီးသည်တင်လေယာဉ်ပေါ်မှာ ခရီးသည်တွေက အကြမ်းဖက်သမားတွေကို တွန်းလှန်တိုက်ခိုက်ခဲ့လို့ ပင်ဆယ်ဗေးနီးယားပြည်နယ် လယ်ကွင်းထဲမှာ ပျက်ကျသွားခဲ့ပြီး အကြမ်းဖက်သမားတွေရဲ့ အစီအစဉ် မအောင်မြင်ခဲ့ပါဘူး။

သေဆုံးသူ ၂၉၇၇ ယောက်၊ ဒဏ်ရာရသူ ၂၅၀၀၀ ကျော်၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံရှိခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုဟာ မျက်မှောက်ခတ်လူသားသမိုင်းမှာ လူသေဆုံးမှုအများဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုမှာ အသက်ဆုံးရှုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို နယူးယော့ခ်မြို့၊ ဗာဂျီးနီးယားပြည်နယ်၊ ပင်ဆယ်ဗေးနီးပြည်နယ်တို့မှာ ကျင်းပလေ့ရှိပြီး ဒီကနေ့ ကျရောက်တဲ့ ၁၉ နှစ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်တို့က ပင်ဆယ်ဗေးနီးပြည်နယ်မှာ ကျင်းပမယ့် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ ရှိနေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top