ဒေတာပမာဏကို သုံးစွဲသူများ စိတ်တိုင်းကျ ထိန်းချုပ်နိုင်ရန် တယ်လီနော စီစဉ်

န်ိုင်ငံတစ်ဝန်းလုံးက တယ်လီနောအသုံးပြုသူတွေအနေနဲ့ ဒေတာသုံးစွဲမှုပမာဏကို ကိုယ်တိုင်ထိန်းချုပ်နိုင်ပြီး ကုန်ကျမှုကိုလည်း၂၀% အထိသက်သာသွားစေမယ့် ‘ဒေတာတန်တန်’ နဲ့ ‘ဒေတာမြန်မြန်’ ဝန်ဆောင်မှုပုံစံသစ်၂မျိုးကိုတယ်လီနောက စတင် မိတ်ဆက်လိုက်ပါတယ်။

prepaid နှင့် postpaid ဘယ်စနစ်ကနေမဆို အင်တာနက်အသုံးပြုချိန်မှာ မိမိနှစ်သက်ရာ ဒေတာသုံးစွဲမှုပုံစံကို လိုသလိုပြောင်းလဲရွေးချယ်ပြီး ဖုန်းဘီလ်ကုန်ကျစရိတ်ကို ထိ်န်းချုပ်နိုင်ကာ အသုံးပြုမည့်နည်းလမ်းအလိုက် နှစ်သက်ရာဒေတာအရည်အသွေးကို ရယူနိုင်တဲ့ ဝန်ဆောင်မှုတွေဖြစ်တယ်လို့ သိရပါတယ်။

ဖုန်းဘီလ်ချွေတာသုံးလိုသူတွေအတွက် ‘ဒေတာတန်တန်’ ပုံစံမှာဒေတာကို ပုံမှန်အမြန်နှုန်းအတိုင်း ဆက်လက်ထိန်းပြီး မိမိဖုန်းလက်ကျန်ငွေနဲ့ လက်ကျန်ဒေတာကို အချိန်ပိုကြာကြာ သုံးစွဲနိုင်မှာဖြစ်ပြီး ဒေတာအများအပြား အသုံးပြုသူများအနေနဲ့ကတော့‘ဒေတာမြန်မြန်’ ကိုရွေးချယ်ပြီး တယ်လီနောကွန်ရက်က အမြင့်ဆုံးအမြန်နှုန်းနဲ့အရည်အသွေးမြင့် HD ပုံရိပ်တွေကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အရည်အသွေးမြင့် HD ဗီဒီယိုများနှင့် မိုဘိုင်းဂိမ်းများကို အသုံးပြုလေ့ရှိသူတွေအတွက် ဒေတာတန်တန်က ပိုသင့်တော်တယ်လို့လည်း တယ်လီနောမြန်မာရဲ့ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်ဖြစ်သူ Joslin Myrthong ကရှင်းပြခဲ့ပါတယ်။ သုံးစွဲသူများအနေနဲ့ ဒီအစီအစဉ်၂ခုကိုလိုအပ်သလို အချိန်မရွေးအခမဲ့ ပြောင်းလဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

‘ဒေတာတန်တန်’ ဝန်ဆောင်မှုကို အသုံးပြုလိုသူတွေက *979*11*1# ကို ဖုန်းခေါ်ဆိုပြီးဖြစ်စေ၊ ‘TAN’ ဟု ရိုက်ကာ 500ကို စာတိုပေးပို့ပြီးဖြစ်စေ အသုံးပြုနိုင်ပြီး ‘ဒေတာမြန်မြန်’ ကိုပြန်ပြောင်းလဲ အသုံးပြုချင်ရင်တော့ *979*11*2# ကို ခေါ်ဆိုခြင်းနဲ့ဖြစ်စေ၊500ကို ‘MYAN’ ဟု စာတိုပေးပို့ခြင်းနဲ့ဖြစ်စေ ပြန်ပြောင်းလဲနိုင်ပါတယ်။ ဒီအစီအစဉ် ၂ ခုကို ပြောင်းလဲအသုံးပြုရာမှာ အခကြေးငွေထပ်မံပေးချေစရာမလိုဘဲ မိမိအသုံးပြုတဲ့ဒေတာအတွက်ကိုသာ ပုံမှန်နှုန်းထားအတိုင်း ပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။

သီဟ (ရိုးရာလေး) 

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top