မိခင်ဘဝကိုမြတ်နိုးပြီး စတုတ္ထမြောက်ရင်သွေးလေး ထပ်လိုချင်တယ်ဆိုတဲ့ ဘီယွန်စေး

28167764_1476819649110621_6965165097058639800_n.jpg

အိမ်ထောင်ကျပြီးတဲ့သူတိုင်း ရင်သွေး လိုချင်တတ်ကြတာက ထုံးစံပါပဲ။ ကလေးချစ်တတ်တဲ့ သူတွေဆိုရင် အခြားသူရဲ့ကလေးကိုတောင်မှ အရူးအမူးချစ်တတ်ကြပါတယ်။ ကိုယ့်ရဲ့အသွေးအသားက ဖြစ်တည်လာတဲ့ ရင်သွေးလေးကို ပိုင်ဆိုင်ချင်တဲ့ စိတ်ခံစားချက်က ကမ္ဘာပေါ်က မိခင်တိုင်းမှာ ရှိသလို ဖခင်တွေမှာလည်း ထပ်တူရှိကြပါတယ်။ ဒီလိုဆို စတုတ္ထမြောက် ရင်သွေးလေး ထပ်လိုချင်တယ်ဆိုတဲ့ဘီယွန်စေး အနေနဲ့လည်း ဒီခံစားချက်မျိုး ထပ်တူဖြစ်နေမှာပါ။

သမီးဦးလေး Blue Ivy ၊ အမွှာနှစ်ယောက် ၊သူမရဲ့ခင်ပွန်းနဲ့သူမအပါ အားလုံးပေါင်းရင် မိသားစုဝင် ၅ ယောက်ဖြစ်ပြီး ပြည့်စုံနေပေမယ့် သူမကတော့ နောက်ထပ် ကလေးထပ်ယူချင်နေပါတယ်။ အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ ဘီယွန်စေးက ၂၀၀၈ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ အမေရိကန် ရပ်ပါ Jay Z နဲ့လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ သမီးဦး Blue Ivy Carter ကို မွေးဖွားခဲ့ပါတယ်။ ၆ နှစ်ကြာပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာတော့ Sir နဲ့ Rumi ဆိုတဲ့ အမွှာလေး နှစ်ယောက်ကို ထပ်မံမွေးဖွားခဲ့ပါတယ်။

ဒါပေမယ့်လို့ဒီမိသားစု ၅ ယောက်ဘဝကို မရောင့်ရဲနိုင်သေးတဲ့ ဘီယွန်စေးက နောက်ထပ် ကလေးလိုချင်နေတယ်ဆိုပြီး ကောလာဟလ သတင်းတွေထွက်နေခဲ့ပါတယ်။ ဘီယွန်စေးဟာ ကလေးချစ်တတ်သူတစ်ဦး ဖြစ်တာမို့ သားသမီးတွေနဲ့အချိန်ကုန်ဆုံးရတာ ကို နှစ်သက်ပြီး သူမ အသက် ၄၀ မတိုင်ခင် ကလေးထပ်ယူဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။

Ref: fabiosa.guru/baby-fever-beyonce-loves-being-a-mother-and-wa…

May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top