မိန်းမငယ်လေးတစ်ဦးကတော့ သူ့ဖခင်ရဲ့ကျေးဇူးကြောင့် ထီဆုကြီးပေါက်သွားခဲ့ပါတယ်။ သူ့ဖခင်ဆီက လက်ဆောင်အဖြစ် ရခဲ့တဲ့ ထီလက်မှတ်နဲ့ ထီပေါက်သွားခဲ့တာပါ။ ဗာနက်ဆာ မန်ဂျီဗာ အက်ကိုစတာဆိုတဲ့ အဲ့ဒီမိန်းကလေးက “$25000000 Mega Money” ထီအသစ်မှာ ပထမဆုံး ဒေါ်လာ ၂ သန်းဆုရှင်ဖြစ်လာခဲ့တယ်လို့ Massachusetts Lottery officials က ဆိုထားပါတယ်။
ဗီနက်ဆာက တစ်ကြိမ်တည်းနဲ့ အခွန်ဆောင်အပြီး ဒေါ်လာ ၁၃၀၀၀၀၀ ယူဖို့ ရွေးချယ်ခဲ့ပါတယ်။ သူက ထီဆုငွေနဲ့ အိမ်တစ်လုံးဝယ်ပြီး ကော်လိပ်တက်ဖို့ စီစဉ်ထားပါတယ်။
Ref: Daughter Gets Lottery Ticket as a Gift from Her Dad, Then Wins $2 Million Prize
WL ( ရိုးရာလေး)

