ဘယ်မြေပြင်မှာမဆို မောင်းလို့ရတဲ့ ၁၈ ဘီးကားကို ဖင်လန်ကုမ္ပဏီ တီထွင်

28.7.23-yyl-၃.jpg

ဖင်လန်နိုင်ငံရဲ့ 18Wheels Inc., ကုမ္ပဏီက ဘယ်မြေပြင်မှာမဆို မောင်းနှင်လို့ရတဲ့ ၁၈ ဘီးကား(ATV)ကို တီထွင်ခဲ့ပါတယ်။ ဘီးလုံးငယ် တစ်လုံးစီကို သီးခြားအောက်ပိုင်းစနစ် တစ်ခုစီနဲ့ တည်ဆောက်ထားတာဖြစ်ပြီး မညီမညာ ကြမ်းတမ်းတဲ့ လမ်းတွေမှာတောင် သက်သောင့်သက်သာ စီးနိုင်စေနိုင်မယ်လို့ ဆိုပါတယ်။

သေးငယ်တဲ့ ဘီးလုံးတွေကြောင့် အတားအဆီးတစ်ခုခုနဲ့ တိုက်မိတဲ့အခါ ဆောင့်မိတဲ့အရှိန်က (သာမန် ATV ကားတွေထက်) ၁၀ ဆ လျော့နည်းတယ်လို့ ဆိုပါတယ်။ 18Wheels Inc., ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ၁၈ ဘီးကား ပုံစံငယ်ကို ပြသခဲ့တာဖြစ်ပေမဲ့ ဒီတစ်ပတ်ထဲမှာမှ အွန်လိုင်းပေါ်မှာ ဒီဗီဒီယို ပျံ့နှံ့သွားခဲ့တာပါ။

” ကျွန်တော်တို့ရဲ့ ATV က အတားအဆီးတွေကို အမြန်နှုန်းနဲ့ ဖြတ်ကျော်မောင်းနှင်နိုင်ပါတယ်။ ဥပမာ လမ်းမှာ လုံးပတ် ၁၄ လက်မလောက်ရှိတဲ့ သစ်ပင်လဲနေတာကို ဖြတ်မောင်းသွားတာမျိုးပေါ့။ လှေကားပေါ်လည်း မောင်းလို့ရတယ်။ ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့ရဲ့ ATV လို မောင်းနှင်တဲ့ယာဉ်မျိုး မရှိဘူးလို့ ပြောရဲပါတယ်” လို့ 18Wheels Inc., ကုမ္ပဏီကို တည်ထောင်သူ အလီယက်ဗ်က ဆိုပါတယ်။

18Wheels Inc., ကုမ္ပဏီဟာ လာမယ့်အောက်တိုဘာလအတွင်း စီးပွားဖြစ် ထုတ်လုပ်မယ့် ၁၈ ဘီးကားပုံစံကို ပြသသွားဖို့ ရှိနေပါတယ်။

၁၈ ဘီးကား စမ်းသပ်မောင်းနှင်ပြထားတဲ့ ဗီဒီယိုကို ကြည့်ရှုရန်

Ref: Finnish Company Develops Bizarre 18-Wheel All-Terrain Vehicle

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top