ဘောလုံးလောက ကထွက်ခွာတော့မယ့် သားဖြစ်သူရိုမီယိုအတွက် ဒေးဗစ်ဘက်ခမ်းရဲ့မွေးနေ့ဆုတောင်းစကား

2.9.2024-yyl-3.jpg

ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ တနင်္ဂနွေနေ့က အသက် ၂၂ နှစ်ပြည့်မြောက်တဲ့ သားဖြစ်သူ ရိုမီယိုအတွက် ကြည်နူးဖွယ်မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ လူမှုကွန်ယက်ပို့စ်တစ်ခုကတဆင့် ရိုမီယိုကို ဂုဏ်ယူမိကြောင်း ထုတ်ပြခဲ့တာပါ။

“ပျော်ရွှင်ဖွယ် အသက်၂၂ နှစ်ပြည့်မွေးနေ့ဖြစ်ပါစေ…ကျွန်တော့်ရဲ့ချောမောတဲ့ကောင်လေး…ကြင်နာတတ်တဲ့၊ စိတ်အားထက်သန်တဲ့၊ အလုပ်ကြိုးစားတဲ့အမျိုးသားအဖြစ် ပြောင်းလဲလာတဲ့အတွက်အရမ်းဂုဏ်ယူမိတယ်။ သားနဲ့ထိုက်တန်တဲ့အတွက် အံ့ဩစရာကောင်းတဲ့နေ့ကို ပိုင်ဆိုင်နိုင်ပါစေ။ သားကို အရမ်းချစ်တယ်”လို့ ဒေးဗစ်ဘက်ခမ်းက ရေးသားခဲ့တာပါ။

သားသမီးတွေထဲမှာဆိုရင် ဖခင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းရဲ့ခြေရာနင်းခဲ့သူက ရိုမီယိုပါပဲ။ ရိုမီယိုက Inter Miami အရံအသင်းနဲ့ Brenford B အသင်းတွေမှာ ကစားခဲ့တာပါ။ ဒါပေမဲ့ ရိုမီယိုက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအသစ်လုပ်ဖို့အတွက် ဘောလုံးလောကက ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းထွက်ရှိထားပါတယ်။

အခု ရိုမီယိုက မိခင်ဖြစ်သူဗစ်တိုးရီးယားလို ဖက်ရှင်လောကထဲ ဝင်ရောက်တော့မှာဖြစ်ပြီး ထိပ်တန်းဖက်ရှင်အေဂျင်စီ Safe Management နဲ့လည်း စာချုပ်ချုပ်ဆိုထားတယ်လို့ သိရပါတယ်။

Ref: David Beckham’s heartfelt tribute to son Romeo on 22nd birthday

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top