အိမ်ရာမဲ့ခိုလှုံရေးစင်တာမှ လူ ၅၀၀ ကို ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးခဲ့တဲ့ Foo Fighters အဆိုတော် ဒေ့ဗ်ဂရို့

2.3.2023-yyl-iamge-1.jpg

Foo Fighters တေးဂီတအဖွဲ့ရဲ့ ရှေ့ထွက်အဆိုတော် ဒေ့ဗ်ဂရို့ဟာ
လော့စ်အိန်ဂျလိစ်မြို့ အိမ်ရာမဲ့ခိုလှုံရေးစင်တာမှ လူ ၅၀၀ ကို ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ် ၃ နာရီအချိန်မှာ Hope of the Valley Rescue Mission ရဲ့ ထရီဘတ်စင်တာကို ဒေ့ဗ်ဂရို့ ရောက်လာခဲ့တာပါ။

သူက အသားတွေကို ကိုယ်တိုင်ခုတ်ထစ်ပြီး အချိန်တော်တော်ကြာအောင် နှပ်ထားပြီးတော့မှ အမဲရင်ပုံ၊ ဝက်နံရိုးကင်တွေ လုပ်ခဲ့တာပါ။ အသားကင် ကျွေးမယ့် အစီအစဉ်ဟာ ၂၄ နာရီကြာမြင့်ခဲ့ပြီး ဒေ့ဗ်ဂရို့ကလည်း အိမ်ရာမဲ့ခိုလှုံရေးစင်တာမှာပဲ ညအိပ်ခဲ့တာပါ။ နောက်နေ့မှာတော့ ဒေ့ဗ်ဂရို့က အိမ်ရာမဲ့တွေကို စားစရာတွေ ကိုယ်တိုင်ကိုယ်ကျ တည်ခင်းဧည့်ခံခဲ့ပါတယ်။

Nirvana အဖွဲ့ရဲ့ ဒရမ်တီးသူ ဒေ့ဗ်ဂရို့ဟာ Foo Fighters ကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Foo Fighters မှာတော့ ဂစ်တာသမား၊ ရှေ့ထွက်အဆိုတော်အဖြစ် ပါဝင်နေတာပါ။

Ref: Dave Grohl Showed Up With No Publicity To Cook And Serve For 500 Homeless People

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top