ဟင်နရီကာဗေးအစား စူပါမန်းအဖြစ် ပါဝင်မယ့် သရုပ်ဆောင်မင်းသား

28.6.2023-yyl-10.jpg

ဒါရိုက်တာဂျိမ်းစ် ဂန်ရဲ့ “Superman: Legacy” ဇာတ်ကားအသစ်မှာ မင်းသားဒေးဗစ် ကိုရမ်စဝက်တ်က စူပါမန်းအဖြစ် ပါဝင်မယ်လို့ အတည်ပြုလိုက်ပါပြီ။ မင်းသမီး ရစ်ချယ် ဘရိုစနာဟန်ကလည်း စူပါမန်းနဲ့ချစ်ကြိုက်မယ့်သတင်းထောက် လူးဝစ် လိန်းအဖြစ် ပါဝင်မှာပါ။

အသက် ၂၉ နှစ်အရွယ် မင်းသားဒေးဗစ်က Pearl ဆိုတဲ့ ထိတ်လန့်ကြောက်မက်ဖွယ်ရာဇာတ်ကားနဲ့ နာမည်ရလာခဲ့ပေမဲ့ သူ့ကို Netflix စီးရီးတွေဖြစ်တဲ့ “Hollywood”နဲ့ “The Politician”တို့နဲ့ ပိုပြီးသိကြပါတယ်။ မင်းသမီး ရစ်ချယ်ကတော့ Amazon ရဲ့ “The Marvelous Mrs. Maisel” စီးရီးနဲ့ သိကြပါတယ်။

အရင်စူပါမန်းဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ ဟင်နရီကာဗေးကလည်း ဇာတ်ကားအသစ်မှာ စူပါမန်းအဖြစ် ပြန်လည်ပါဝင်တော့မှာမဟုတ်ဘူးဆိုတာကို သူ့ရဲ့အင်စတာဂရမ်အကောင့်ကတဆင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။ စူပါမန်းအဖြစ် ဒေးဗစ် ကိုရမ်စဝက်တ် ပါဝင်မယ့် Superman: Legacy ဇာတ်ကားအသစ်က ၂၀၂၅ ခုနှစ် ဇူလိုင်လထဲ ထွက်ရှိမယ်လို့ သိရပါတယ်။

Ref: David Corenswet picked as newest Superman, replacing Henry Cavill

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top