တစ်နှစ်တာအတွင်း Spotify မှာ နားဆင်မှုအကြိမ်ရေ ၁၀ဘီလျံကျော်လွန်တဲ့ ပထမဆုံးအဖွဲ့ဖြစ်လာတဲ့ BTS

bts.png

ကမ္ဘာကျော် BTS အဖွဲ့ဟာ ယနေ့အထိ ကမ္ဘာလုံးဆိုင်ရာ streaming platform ဖြစ်တဲ့ Spotify မှာ အခုနှစ်အတွက် နားဆင်မှုအကြိမ်ရေ ၁၀ ဘီလျံကျော်သွားပြီလို့ BIGHIT MUSIC က အောက်တိုဘာ ၁၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ တေလာဆွစ်ဖ်၊ အာရီယာနာ ဂရန်ဒီ၊ Bad Bunny တို့လို တစ်ကိုယ်တော်အဆိုတော်တွေလည်း အရင်က ၁၀ ဘီလျံရရှိခဲ့ဖူးပေမဲ့ အဖွဲ့အနေနဲ့ဆိုရင်တော့ BTS ဟာ တစ်နှစ်တာအတွင်း ၁၀ ဘီလျံရတဲ့ ပထမဆုံးအဖွဲ့ဖြစ်လာပါတယ်။

အခုနှစ်မှာ BTS ရဲ့နားဆင်မှုအကြိမ်ရေက ပြီးခဲ့တဲ့နှစ်က ၄.၅ ဘီလျံနဲ့ ယှဉ်ရင် ၁၂၂ ရာခိုင်နှုန်းလောက် တိုးတက်လာခဲ့တာပါ။ သူတို့ရဲ့ ပဉ္စမမြောက်အယ်လ်ဘမ် ARIRANG က မတ်လမှာ ထွက်ရှိခဲ့ပြီး နားဆင်မှုအကြိမ်ရေ ၅ ဘီလျံကျော်ရရှိကာ စံချိန်သစ်နဲ့ ဦးဆောင်ခဲ့ပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့က BTS အဖွဲ့ဟာ ၂၀၂၆ ခုနှစ်ရဲ့ MTV Video Music Awards Japan မှာ တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုကို ရရှိတယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့မှာကျင်းပမယ့် အဲ့ဒီဆုပေးပွဲအခမ်းအနားမတိုင်ခင် ကြိုတင်ပြီးတော့ ဆုရရှိသူတွေကို ကြေညာခဲ့တာပါ။

Ref: BTS becomes the first group ever to surpass 10 billion Spotify streams in a single year

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top