ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်မပြိုင်လိုတဲ့အတွက် အခြားနေရာကနေ ပြောင်းလဲယှဥ်ပြိုင်သွားမယ်လို့ဆို

23-7-2020-yyl-021.jpg

ရန်ကုန် ဇူလိုင် ၂၃
ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ပြင်ဆင်ထားတဲ့ တောင်သူ လယ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဒေါ်စုစုနွေးအနေနဲ့ အခြားနေရာကနေ ပြောင်းလဲယှဥ်ပြိုင် သွားမယ်လို့ ရိုးရာလေးကို ပြောပါတယ်။

မူလက ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဝင်ရောက်မယှဥ◌်ပြိုင်တော့ဘူးလို့ ကြားသိ ရတဲ့အတွက် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ ဒေါ်စုစုနွေးက ဆိုပါတယ်။
”အန်တီပြိုင်မယ့်နေရာကို ထိပ်တိုက်တော့မပြိုင်ဘူး။ အန်တီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ပြိုင်မယ်ဆိုရင်တော့ အခြားနေရာအတွက် ပြောင်းလဲပြီး ပြိုင်ပါမယ်။ မြို့နယ်ကတော့ ပြောင်းဖို့အစီအစဥ်မရှိပါဘူး” လို့ ဒေါ်စုစုနွေးက ပြောပါတယ်။

အခုလို နေရာပြောင်းလဲယှဥ◌်ပြိုင်မယ်ဆိုပေမယ့် ဘယ်နေရာက ပြိုင်မလဲဆိုတာကိုတော့ လာမယ့် ၂၇ ရက်မှာကျင်းပမယ့် မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂရဲ့ (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ကျမှ ဆုံးဖြတ်ချက် ချသွားမှာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် နေရာအတွက် ပြန်လည်ဝင်ရောက်ယှဥ်ပြိုင်သွားမှာြဖစ်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ဒီနေ့မနက်မှာပဲ ထုတ်ဖော်ပြောကြားလိုက်တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ် စုစုပေါင်း ၁၁၃၂ ဦးဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပြီးတော့ အဲဒီထဲမှာ တောင်သူလယ်သမားကိုယ်စားလှယ် ၁၂ ရာခိုင်နှုန်း ပါဝင်တယ်လို့ သိရပါတယ်။
ပုံ – ဒေါ်စုစုနွေးအပါအဝင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁၁ ဦး။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top