ဝတ်မှုန်ရွှေရည် မိတ်ဆက်ပေးတဲ့ Gaming Performance အမြင့်ဆုံး realme 10 မကြာခင် ရောင်းချတော့မယ်

28.2.2023-image-11.jpg

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က Lotte Hotel တွင် ကျင်းပခဲ့တဲ့ “2023 REALME GRAND LAUNCH EVENT” ပွဲမှာ realme Brand Ambassador ဝတ်မှုံရွှေရည် မိတ်ဆက်ပေးခဲ့တဲ့ realme 10 ကို ၆၉၉၉၀၀ ကျပ်ဖြင့် မတ်လ ၃ ရက်နေ့ကစပြီး ရောင်းချသွားတော့မှာပါ။

“RAM နှစ်ဆချိန်း၊ 256 နဲ့ သိမ်း”ဆိုတဲ့ realme 10 ကို လက်ရှိကိုင်ဆောင်နေသူ ဝတ်မှုန်ရွှေရည်က “ကစ်ကတော့ realme 10 နဲ့ ရုပ်ရှင်ကြည့်တာများတယ်၊ ဖုန်းက အရောင်းထွက်အားကောင်းတယ် Display က ကိုယ့်အတွက် ရှယ်ပဲ။ ဓာတ်ပုံ ရိုက်ရတာကြိုက်တယ်၊ ကိုယ့်အတွက်လဲ ရိုက်တယ်၊ သူများကိုလည်း ရိုက်ပေးတယ်၊ ရှုခင်းတွေလဲ ရိုက်တော့ ကစ်ဖုန်းက Storage များများရှိမှ အဆင်ပြေမှာ။ realme 10 မှာ RAM 8GB နှင့် storage မှာ ROM 256GB ပါတယ်။ ရုပ်ရှင်တွေလည်း အများကြီး download လုပ်ထားတယ်။ 50MP AI Camera ပါလို့ ကစ်အတွက် အရမ်းအဆင်ပြေတယ်” လို့ ပြောပါတယ်။

realme 10 မှာ MediaTek ရဲ့ Helio G99 Chipset ကို အသုံးပြုထားလို့ Graphic ပိုင်းမြင့်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ ဂိမ်းပေါင်းများစွာကို အကြိတ်အနယ် ဆော့ကစားနိုင်မှာပါ။ Super AMOLED Display ထည့်ထားပြီး refresh rate 90Hz ကြောင့် သွက်လက် ဖျတ်လက်နေတဲ့ အကြမ်းစားဖုန်းတစ်လုံးကို စိတ်ကြိုက်အသုံးပြုနိုင်မှာပါ။ “Clash White” နှင့် “Rush Black” အရောင် နှစ်မျိုးထဲမှ ရွေးချယ်နိုင်မှာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ realme အရောင်းကောင်တာတွေမှာ မတ်လ ၃ ရက်နေ့မှ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top