အနည်းဆုံး လူ ၁၅၁ ဦး သေဆုံးတဲ့ မြေပြိုမှုမှာ အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို အိန္ဒိယကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေ

31.7.2024-yyl-3.jpg

အနည်းဆုံး လူ ၁၅၁ ဦး သေဆုံးခဲ့ပြီး လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်တဲ့ မြေပြိုမှုကြောင့် အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးပမ်းလျက်ရှိပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းက အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်၊ ဝါယာနက်ခရိုင်မှာ မြေပြိုခဲ့ပါတယ်။

လက်ဖက်နဲ့ ဖာလာစိုက်ခင်းတွေမှာ နေထိုင်တဲ့ မိသားစု ၃၅၀ အနက် အများစုဟာ မြေပြိုနေတာကို မသိတာကြောင့် ထွက်ပြေးနိုင်ခဲ့ခြင်းမရှိပါဘူး။ လက်ရှိအချိန်အထိ အနည်းဆုံး လူ ၁၅၁ ဦး သေဆုံးပြီး ၁၈၇ ဦး ပျောက်ဆုံးလျက်ရှိတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ရုပ်သံပြကွက်တွေအရ နေအိမ်တွေ ပျက်စီးကုန်ပြီး သစ်ပင်တွေလည်း အမြစ်ကနေ ကျွတ်ထွက်နေတာ တွေ့ရပါတယ်။ ကယ်ဆယ်ရေးသမားတွေက ရွှံ့နွံတွေကြားမှာ ကြိုးတန်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြရပါတယ်။

မြေပြိုကျမှု ဖြစ်ပွားရာဒေသမှာ လမ်းပန်းဆက်သွယ်ရေးအတွက် အဓိကကျတဲ့ တံတားကျိုးသွားလို့ အစိုးရက ရွှေ့ပြောင်းနိုင်တဲ့ ယာယီတံတားတစ်စင်းထိုးဖို့ ချင့်တွက်စဉ်းစားနေပါတယ်။ အခုကြုံခဲ့ရတဲ့ မြေပြိုကျမှုဟာ ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနောက်ပိုင်း ကီရာလာပြည်နယ်မှာ အဆိုးရွားဆုံး သဘာဝကပ်ဘေး ဖြစ်ပါတယ်။

Ref:Death toll from India landslides rises to 151, search on for missing
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top