မြောက်ကိုရီးယား ရေငုပ်သင်္ဘောရဲ့ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို တွေ့ရှိရ

170405094950-02-north-korea-weapons-restricted-exlarge-169.jpg

အမေရိကန်စစ်တပ်ဟာ မြောက်ကိုရီးယားရေငုပ်သင်္ဘောရဲ့ ပုံမှန်မဟုတ်သော လှုပ်ရှားမှုကို ထောက်လှမ်းနိုင်ခဲ့ပြီး ပြုံယမ်းရဲ့ တိုက်အချင်းချင်းအကြားအထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စမ်းသပ်မှုအပြီး  ရေငုပ်သင်္ဘောကလှုပ်ရှားခဲ့တာ ဖြစ်တယ်လို့ တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်ကို ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရင် ရေငုပ်သင်္ဘောကို မထိခိုက်နိုင်တဲ့ “cold-launch system” ကို စမ်းသပ်နေတာဖြစ်ပြီး “cold-launch system”ဟာ  ဒုံးကျည်ကို ရေငုပ်သင်္ဘောမှပစ်လွှတ်ရင် ဖိအားမြင့်ရေနွေးငွေ့နဲ့ပစ်လွှတ်ပြီး လေပေါ်ရောက်သွားမှ အင်ဂျင်က မီးတောက်လောင်ပြီး လိုရာပစ်မှတ်သို့  ဆက်လက်ရွေ့လျားသွားတဲ့ စနစ်ဖြစ်ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံဟာ ဒီ ဒုံးကျည်စနစ်ကို ဇူလိုင်လအတွင်းမှာ ၃ ကြိမ်မြောက်စမ်းသပ်ခဲ့တာဖြစ်ပြီး တစ်နှစ်အတွင်း ၄ ကြိမ်မြောက် စမ်းသပ်ခဲ့တာလည်းဖြစ်ပါတယ်။ မြောက်ကိုးရီးယားရဲ့ တိုက်အချင်းချင်းအကြားအထိပစ်ခတ်နိုင်တဲ့ ဒုံးကျည်ဟာ အမေရိကန်မြို့ကြီးများအထိ ပစ်ခတ်နိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး ဒုံးကျည်အရေးနဲ့ပတ်သတ်လို့ စိုးရိမ်ပူပန်မှုများ အမေရိကန်စစ်တပ်အတွင်း မြင့်တက်လာနေပါတယ်။ အမေရိကန်စစ်တပ် ကျွမ်းကျင်သူများကတော့ သောကြာနေ့စမ်းသပ်မှုဟာ  အာကသဝေဟင်လမ်းကြောင်းအထိ ရောက်ခဲ့ရင် အမေရိကန်မြို့ကြီးတွေဖြစ်တဲ့ လောစ်အင်ဂျလိစ် (Los Angeles)၊ ဒန်ဗာ (Denver) နဲ့ ချီကာဂိုမြို့တွေကို ခြိမ်းခြောက်နိုင်တယ် လို့ဆိုထားပါတယ်။

သမ္မတထရမ့်ကတော့ သူ့ရဲ့ဒုတိယမြောက် ကက်ဘိနက်အစည်းအဝေးမှာ မြောက်ကိုရီးယားအရေးနဲ့ပတ်သတ်လို့ သူ့နဲ့အုပ်ချုပ်ရေးအဖွဲ့မှာ အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့ပြီး အသေးစိတ်ကိုတော့ မရှင်းပြခဲ့ပါဘူး။

“ကျွန်တော်တို့တွေ မြောက်ကိုရီးယားအရေးကို ကိုင်တွယ်တော့မှာဖြစ်ပြီး ကောင်းကောင်းမွန်မွန်ကိုင်တွယ်သွားနိုင်မှာ ဖြစ်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား ရေငုပ်သင်္ဘောတပ်ဖွဲ့ဟာအစီး ၇၀ လောက်ရှိမယ်လို့ယူဆထားကြပြီး အများစုကတော့ တော်တော်ဟောင်းနွမ်းနေပြီဖြစ်ကာ ဒုံးကျည်ပစ်လွှတ်နိုင်ခြင်းမရှိကြပါဘူး။ အမေရိကန်ခေါင်းဆောင်တဲ့အဖွဲ့ရဲ့ မြောက်ကိုရီးယား အစိုးရစနစ်ပြောင်းလဲခြင်းလုပ်ငန်းစဉ်များကို တားဆီးဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက အမေရိကန်ကို နူကလီးယားခြိမ်းခြောက်မှု ပြုလုပ်ဖို့ဖြစ်တယ် လို့ မြောက်ကိုရီးယားက ခိုင်ခိုင်မာမာယူဆထားပြီး နျူဒုံးကျည်ပစ်လွှတ်ခြင်းကို  တိုးတက်အောင်ပြုလုပ်နေတာ ဖြစ်ပါတယ်။ အမေရိကန်စစ်ရေး သတင်းထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ သုံးသပ်ချက်အရ မြောက်ကိုရီးယားနိုင်ငံရဲ့ရေငုပ်သင်္ဘောမှ ဒုံးကျည်ပစ်လွှတ်ခြင်း လုပ်ငန်းဟာ အစောပိုင်းစမ်းသပ်ဆဲ အဆင့်သာရှိပါသေးတယ်။

မြောက်ကိုရီးယား ရေငုပ်သင်္ဘောဟာ ယခုအကြိမ်မှာ ဂျပန်ကမ်းလွန်ပြင်အနီး နိုင်ငံတကာရေပိုင်နက်သို့ ကီလိုမီတာ ၁၀၀ အထိချည်းကပ်လာခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးဆင်းနေခြင်းမဟုတ်ဘဲ ကမ်းခြေနဲ့ တော်တော်နီးကပ်ခဲ့ပါတယ်။ ယခုဖြစ်စဉ်အပြင် ၂၀၁၀ ခုနှစ်က မြောက်ကိုရီးယားရေငုပ်သင်္ဘောမှ တောင်ကိုရီးယား Cheonan ရေတပ်သင်္ဘောကို တော်ပီဒိုဖြင့်တိုက်ခိုက်ခဲ့ဖူးတဲ့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့များရဲ့ စိုးရိမ်မှု အနည်းငယ်မြင့်တက်နေပါတယ်။

Ref : CNN News : US detects ‘highly unusual’ North Korean submarine activity

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top