ရာထူးကနေ ဆင်းပေးဖို့ သီရိလင်္ကာသမ္မတ သဘောတူ

11-7-2022-24.jpg

ဆန္ဒပြသူတွေက သမ္မတအိမ်တော်ထဲ စီးနင်းဝင်ရောက်ခဲ့သလို ဝန်ကြီးချုပ်အိမ်တော်ကို မီးတင်ရှို့ခဲ့ပြီးနောက်မှာတော့ သီရိလင်္ကာသမ္မတရာထူးကနေ နုတ်ထွက်တော့မယ်လို့ ရာဂျာပါကဆာက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းချိန်မှာ သမ္မတ ရာဂျာပါကဆာနဲ့ ဝန်ကြီးချုပ် ဝစ်ရီမီဆင်းမ်တို့ ၂ ဦးလုံး သူတို့ရဲ့အိမ်တော်တွေထဲမှာ မရှိကြပါဘူး။ရာဂျာပါကဆာဟာ ဇူလိုင်လ ၁၃ ရက်နေ့မှာ သမ္မတရာထူးကနေ နုတ်ထွက်မှာဖြစ်ပြီး ဝန်ကြီးချုပ် ဝစ်ရီမီဆင်းမ်ကလည်း ရာထူးကနေ နုတ်ထွက်ဖို့ သဘောတူထားပြီးသားပါ။ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုအတွက် ရာဂျာပါကဆာက သမ္မတရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်သလို လူထုအနေနဲ့လည်း ဥပဒေကို လေးစားလိုက်နာကြဖို့ လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းထားပါတယ်။

သမ္မတရာထူးကနေ နုတ်ထွက်မယ်ဆိုတဲ့ ရာဂျာပါကဆာရဲ့ ကြေညာချက်ကြောင့် သီရိလင်္ကာလူထုက ကိုလံဘိုမြို့မှာ မီးရှူးမီးပန်း ပစ်ဖောက်အောင်ပွဲခံခဲ့ကြပါတယ်။သီရိလင်္ကာအစိုးရရဲ့ လွဲမှားတဲ့ စီးပွားရေး စီမံခန့်ခွဲမှုအပေါ် ဆန္ဒပြပွဲတွေ လပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့မှာတော့ ဆန္ဒပြသူသိန်းချီက ကိုလံဘိုမြို့မှာ စုဝေးခဲ့ကြတာပါ။

လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားပျက်ကပ် ကြုံတွေ့နေတဲ့ သီရိလင်္ကာနိုင်ငံဟာ ငွေကြေး အဆမတန် ဖောင်းပွမှုဒဏ် ခံစားနေရပြီး နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် အစားအစာ၊ ဆေးဝါးနဲ့ လောင်စာဆီ တင်သွင်းဖို့ အခက်တွေ့နေပါတယ်။

Ref: Sri Lanka: President Rajapaksa to resign after palace stormed

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top