လူစိတ်ဝင်စားမှုများနေတဲ့ ကပီဘာရာကြွက်မျက်နှာလို ချစ်စရာမျက်နှာနဲ့ သမင်

23.12.2024-yyl-7.jpg

ကမ္ဘာပေါ်မှာ သမင်အမျိုးအစားပေါင်း ၄၃ မျိုးကျော်ရှိတယ်လို့ ဆိုကြပါတယ်။ အဲ့ဒီအမျိုးအစားထဲကမှ ဒီသမင်အမျိုးအစားကတော့ လူစိတ်ဝင်စားမှုများနေပါတယ်။ တရုတ်နိုင်ငံ၊ Xiaohongshu မြို့မှာရှိတဲ့ Siberian (သို့) Asian သမင်ရဲ့ဗီဒီယိုတွေဟာဆိုရင် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီသမင်လေးတွေက သူတို့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့်ပဲ တရုတ်မှာ လူသိများပြီး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတောအုပ်တွေထဲမှာ တွေ့ရနိုင်ပါတယ်။

အဲ့ဒီသမင်တွေရဲ့ချစ်စရာမျက်နှာလေးက ကပီဘာရာကြွက်ကြီးတွေရဲ့မျက်နှာနဲ့ဆင်ပါတယ်။ တချို့တွေဆိုရင် သူတို့ကို တရုတ်နိုင်ငံရဲ့ ကပီဘာရာကြွက်လို့တောင် ခေါ်ဆိုနေကြတာပါ။

Ref: Deer With Cute Capybara-Like Face Becomes Viral Sensation In China

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top