အိမ်ထောင်ဘဝမှာ ပင်ပန်းလို့ လမ်းခွဲကြတဲ့ ရေကူး ချန်ပီယံ နှစ်ဦး

showbiz-rebecca-adlington-harry-needs.jpg

Rebecca Adlington ဆိုတာ အသက် ၂၇ သာ ရှိသေးတဲ့ ဗြိတိန်မှ ကမ္ဘာကျော် ရေကူးချန်ပီယံ တစ်ဦး ဖြစ်ပါတယ်။ သူ့နဲ့ အိမ်ထောင်ကျခဲ့တဲ့ Harry Needs ဟာလည်း သူနဲ့ ပူးတွဲ ချန်ပီယံ တစ်ဦး ဖြစ်ပါတယ်။

အိုလံပစ် ပြိုင်ပွဲတွေမှာ ဆုတွေ အများကြီးယူခဲ့ကြ ပါတယ်။ ၂၀၁၄ ခုနှစ်က အိမ်ထောင်ပြုခဲ့ကြ ပါတယ်။ ဒါပေမယ့် ယခု ရက်ပိုင်းအတွင်းမှာ တရားဝင် ကွာရှင်းလိုက်ကြပါပြီ။ Rebecca အနေနဲ့ မိခင်ဖြစ်ရတာ အင်မတန် ပင်ပန်းကြောင်း ခဏခဏ ပြောဆိုရာမှ အမျိုးသားနဲ့ အကြိမ်ကြိမ် စကားများပြီး နောက်ဆုံးတော့ ကွာရှင်းကြခြင်း ဖြစ်ပါတယ်။ သာမန် အမျိုးသမီးတစ်ယောက်အနေနဲ့ မီးဖွားပြီးရင် ၆ လ လောက် အနားယူလို့ပေမယ့် သူ့အနေနဲ့ ၂ လသာ နားခွင့်ရခဲ့ကြောင်း ကလေးကို ထိန်းရတာ ပင်ပန်းရကြောင်း ဆိုပါတယ်။ Harry Needs နဲ့ အကြိမ်ကြိမ် စကားများပြီး နောက်ဆုံးတော့ တရားဝင် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ အိမ်ထောင်သာ ကွဲပေမယ့် အရင်းနှီးဆုံး သူငယ်ချင်းများအဖြစ် ဆက်လက် တည်ရှိနေကြအုံးမှ ဖြစ်ကြောင်း ဆိုပါတယ်။ ဘာလို့လဲဆို သူတို့ဟာ နောက်ထပ် ရေကူးပြိုင်ပွဲတွေအတွက် ဆရာတစ်ယောက်တည်းရဲ့ သင်ကြားမှုကို လက်ခံယူနေကြဆဲမို့ ဖြစ်ပါတယ်။ Harry ကတော့ အသက် ၂၄ သာ ရှိပါသေးတယ်။

ကလေး အသက် ၁ နှစ်ပြည့်တုန်းက တက်တူး နှစ်ခုကို အမှတ်တရအနေနဲ့ Rebecca ဟာ ထိုးခဲ့ပါသေးတယ်။ Harry နဲ့ ချစ်ခြင်းအတွက်က တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ယခုလို အိမ်ထောင်ကွဲသွားတော့ ပရိတ်သတ်များ အံ့ဩသွားစေခဲ့ ပါတယ်။ ကလေးကိုတော့ တစ်လှည့်စီ ပြန်လည် ပြုစုကြမယ်တဲ့။ ဆိုရိုးတစ်ခု ရှိပါတယ်။ ချစ်သူတွေ ကွဲပြီးတော့ သူငယ်ချင်းပြန်ဖြစ်ကြရင် တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြသေးလို့ သို့မဟုတ် တကယ် မချစ်ကြလို့တဲ့။ ဒီတော့ သူတို့နှစ်ဦးဟာ အချစ်တွေကျန်နေသေးလို့လား တကယ်မချစ်ခဲ့ကြတာလား ဆိုတာကတော့ စဉ်းစားစရာပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top