ဂျပန်တွေရဲ့ ရွှံ့လုံးအနုပညာ

8.6.2023-yyl-3.jpg

ဒိုရိုဒန်ဂို(Dorodango)ဆိုတဲ့ ဂျပန်အနုပညာတစ်ရပ် ရှိတယ်။ ဂျပန်ဘာသာစကားအရ ဒိုရို (Doro) ဆိုတာ ရွှံ့၊ ဒန်ဂို(dango) ဆိုတာ အလုံးဖြစ်အောင် လုပ်ခြင်း လို့ အဓိပ္ပာယ်ရတဲ့အတွက် ရွှံ့လုံးအနုပညာလို့ ဆိုရပါလိမ့်မယ်။ ရွှံ့ကို အလုံးလုံးပြီး ဖန်လုံးအလား ထင်မှတ်မှားရတဲ့အထိ ပြောင်လက်နေအောင် ပွတ်တိုက်တာပါ။

ရွှံ့ခူး၊ အလုံးလုံး၊ နေလှန်း၊ ဇကာချထားတဲ့ အမှုန့်တွေကပ်၊ ပြောင်လက်နေအောင် ပွတ်တိုက် အစရှိတဲ့ အဆင့်တွေကို လုပ်ရပါတယ်။ အခက်ခဲဆုံးကတော့ ဇကာချထားတဲ့ အမှုန့်တွေ အထပ်ထပ်ကပ်ပြီး ပြောင်လက်နေအောင် လုပ်ရတာပါပဲ။ နာရီပေါင်းများစွာ အချိန်ကြာပြီး ကွဲမသွားအောင်လည်း တော်တော်သတိထားရပါတယ်။

တကယ်လို့ ပြီးမြောက်သွားပြီဆိုရင်တော့ ရွှံ့လုံးလို့ ထင်စရာမရှိတော့ဘဲ ဖန်လုံးလို့ပဲ ထင်ရတော့မှာပါ။

Ref: Dorodango

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top