အိမ်မှာပဲ သွားချေးနဲ့ သွားချေး ကျောက်တွေကို ဖယ်ရှားလို့ရတဲ့ လွယ်လွယ်ကူကူနည်းလမ်းများ

15-6-2020-yyl-029.jpg

ကျွန်တော်တို့ရဲ့ပါးစပ်ကလည်း ဘတ်တီးရီးယားထောင်ပေါင်းများစွာအတွက် အိမ်ပါပဲ။ ဒီဘတ်တီးရီးယားတွေက ပရိုတင်းနဲ့ အခြားအစားအစာအကြွင်းကျန်တွေနဲ့ ရောသွားတဲ့အခါမှာ သွားပေါ်မှာ သွားချေးတွေဖြစ်လာရပါတယ်။ သွားချေးကို အချိန်မီ မဖယ်ရှားရင် သွားချေးကျောက်အဖြစ် ပြောင်းလဲသွားပြီး သွားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုသွားချေးနဲ့ သွားချေးကျောက်တွေကို ဖယ်ရှားချင်ရင် သင့်အတွက် အိမ်မှာပဲလုပ်လို့ရတဲ့ နည်းလမ်းတချို့ရှိပါတယ်။ ဒါတွေကတော့

သွားတိုက်တာ

သွားပြဿနာအများစုအတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းကတော့ တစ်နေ့ကို (၂) ကြိမ် ပုံမှန်သွားတိုက်ဖို့ပါပဲ။ နည်းစနစ်ကျကျနဲ့ သွားတိုက်တာက အရေးကြီးပါတယ်။ သွားဖုံးကနေ သွားကို အပေါ်အောက်သွားသလို သွားတိုက်ပေးတာက သွားနားမှာရှိတဲ့ အမှုန့်အမွှားတွေကို ဖယ်ရှားတဲ့နေရာမှာ ကူညီပေးပါတယ်။ သွားကြားထဲက အမှုန့်အမွှားတွေကို ဖယ်ရှားချင်ရင်တော့ ဒီဇိုင်းထုတ်ထားတဲ့ သွားတိုက်တံတွေကို အသုံးပြုလို့ရပါတယ်။ သွားကြားတွေထဲတိုက်ဖို့ သီးသန့်ထုတ်ထားတဲ့ သွားတိုက်တံက ကြားတွေထဲညှပ်နေတဲ့ အမှုန့်အမွှားတွေကို ဖယ်ရှားနိုင်စွမ်းရှိပါတယ်။

မှုန့်ဖုတ်ဆိုဒါ

ရေအနည်းငယ်နဲ့ ရောစပ်ထားတဲ့ မှုန့်ဖုတ်ဆိုဒါကို သွားချေးကျောက်တွေကို ဖယ်ရှားဖို့အတွက် တစ်နေ့ကို (၁) ကြိမ် (သို့) (၂) ကြိမ်အသုံးပြုလို့ရပါတယ်။ သွားကို မှုန့်ဖုတ်ဆိုဒါနဲ့ ပွတ်တိုက်ပေးရုံပါပဲ။ သွားအပေါ်ယံကြွေသားကို ဘေးထွက်ဆိုးကျိုး မဖြစ်စေနိုင်ပါဘူး။

ကြိုးသွားကြားထိုးတံ

ကြိုးနဲ့သွားကြားတွေကို ပွတ်တိုက်ပေးတာကိုလည်း တစ်နေ့ တစ်ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။ ကြိုးသွားကြားထိုးတံက သွားကျဲသွားစေနိုင်တဲ့အတွက် အရမ်းကြီးမလုပ်ဖို့ အကြံပြုထားပါတယ်။ ကြိုးသွားကြားထိုးတံက သစ်သားသွားကြားထိုးတံတွေနေရာမှာ အစားဝင်လာတဲ့အရာပါပဲ။

ခံတွင်းသန့်စင်ပေးတာ

အစားအစာစားပြီးတိုင်း ခံတွင်းသန့်ဆေးရည်သုံးတာက သွားကြားမှာရှိတဲ့ အမှုန့်အမွှားတွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။ ခံတွင်းသန့်ဆေးရည်သုံးတာ ပိုပြီး ထိရောက်စေချင်ရင် ခံတွင်းသန့်ဆေးရည်ကို ထွေးမထုတ်ခင် ပါးစပ်ထဲမှာ စက္ကန့် (၃၀) လောက် ငုံထားပါ။ ဒါက ခံတွင်းသန့်ဆေးရည် အစွမ်းပြနိုင်တဲ့ အများဆုံးအချိန်ပါပဲ။

ရှားစောင်းလက်ပက်နဲ့ အလှဆီ

ရှားစောင်းလက်ပက်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ အသားရေအတွက် ကောင်းကျိုးပေးသလို သွားချေးနဲ့ သွေးချေးကျောက်တွေကို ဖယ်ရှားတဲ့နေရာမှာလည်း အကူအညီပေးပါတယ်။ အလှဆီနဲ့ရှားစောင်းလက်ပက်တို့ကို ရောစပ်ပြီး သွားမှာ ပွတ်တိုက်ပေးရုံပါပဲ။

လိမ္မော်ခွံ

လိမ္မော်ခွံအတွင်းသားက သွားပေါ်မှာ တိုက်ရိုက်ပွတ်တိုက်ပေးလို့ရပါတယ်။ သွားအပေါ်ယံကြွေသားမှာ တည်ရှိနေတဲ့ သွားချေးကျောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သင့်သွားမှာ အစွန်းအထင်းရှိနေရင် လိမ္မော်ခွံကို ကြိတ်ပြီး အစွန်းအထင်းရှိတဲ့ပေါ်မှာ အသုံးပြုလိုက်ပါ။ (၁၀) မိနစ်လောက် အချိန်ပေးပြီးနောက် သန့်စင်ပေးလိုက်ရုံပါပဲ။

နှမ်းစေ့

နှမ်းစေ့ကို မြုံ့ထားပါ။ ဒါပေမဲ့ မြိုမချပစ်ပါနဲ့။ သွားပေါ်မှာ တိုက်ရိုက်ပွတ်တိုက်လို့ရပါတယ်။ နှမ်းစေ့က Scrub အနေနဲ့ လုပ်ဆောင်လို့ရပြီး သွားမှာရှိတဲ့ သွားချေးနဲ့သွားချေးကျောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Ref: Dental hygiene: 7 easy tips to get rid of plaque and tartar at home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top