Pirates of the Caribbeanဇာတ်ကားသစ်မှာ ဧည့်သည်အနေနဲ့ပါဝင်ဖို့တောင်ဟန့်တားခံရတဲ့ ဂျွန်နီဒက်ပ်

18-12-2020-yyl04.jpg

ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဂျွန်နီဒက်ပ်ကို Priates of the Caribbean ဇာတ်ကားတွေထဲက ပင်လယ်ဓားပြဂျက်စပဲရိုးအနေနဲ့ လူသိများပါတယ်။ သူဟာ အဲဒီဇာတ်ကား (၅) ကားလုံးမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးခဲ့ပေမဲ့ အဲဒီနောက် ထပ်မံထွက်ရှိမယ့်ဇာတ်ကားတွေမှာတော့ ဂျက်စပဲရိုးအနေနဲ့ ပါဝင်ခွင့်မရရှိတော့ပါဘူး။ Disney က ဂျွန်နီဒက်ပ်ကို Priates of the Caribbean ဇာတ်ကားကနေ ထုတ်ပယ်ပစ်ခဲ့လို့ပါပဲ။ အခုလည်းပဲ Disney က Priates of the Caribbrean ဇာတ်ကားသစ်မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ဂျွန်နီဒက်ပ်ပါဝင်ဖို့ကိုတောင် ဟန့်တားလိုက်ပြီလို့သိရပါတယ်။

ဂျွန်နီဒက်ပ်ဟာ ဇနီးဟောင်းရဲ့တရားစွဲဆိုမှုကိုခံရပြီးတဲ့နောက် ဇာတ်ကားတွေမှာ သူ ပြန်လည်ပါဝင်လာမှာကို Disney က ဟန့်တားလိုက်တယ်လို့ မကြာသေးခင်က ထွက်ရှိလာတဲ့သတင်းတွေအရသိရပါတယ်။ ထုတ်လုပ်သူ ဂျယ်ရီ ဘရက်ခ်ဟမ်မာ (Jerry Bruckheimer) ကတော့ ဂျွန်နီဒက်ပ်ကို ဇာတ်ကားအသစ်မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်စေချင်ခဲ့ပေမဲ့ နာမည်ဂုဏ်သတင်းနဲ့ပတ်သက်ပြီး ထိခိုက်နစ်နာမှုများမှာဖြစ်တာကြောင့် Disney က ပိတ်ပင်ခဲ့ပါတယ်။

ဂျွန်နီဒက်ပ်က မကြာသေးခင်ကမှ နာမည်ကြီးသတင်းစာတိုက်ကို ရှုံးနိမ့်သွားခဲ့တဲ့ အမှုအပါအဝင် အမှုတော်တော်များများကို ရင်ဆိုင်ကျော်ဖြတ်နေခဲ့ရတာပါ။ အဲဒီလိုအမှုတွေရင်ဆိုင်ရတဲ့ရလဒ်ကြောင့်ပဲ သူဟာ the Fantastic Beasts ဇာတ်ကားကနေလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အမှုရှုံးနိမ့်တာတွေကြောင့်လည်း သူ ပါဝင်မယ့် ဇာတ်ကားတွေ တစ်ကားပြီး တစ်ကားဆုံးရှုံးနေရပါတယ်။

Ref: Tribune “Disney blocks Johnny Depp cameo in next ‘Pirates'”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top