ချိန်းတွေ့တာ လူမသိအောင် မိန်းကလေးလို ဟန်ဆောင်ပြီး တိုက်ခန်းကနေ ထွက်ခဲ့တဲ့ ဂျပန်အဆိုတော်

16.8.23-yyl-14.jpg

နာမည်ကြီးအနုပညာရှင်တွေ၊ ဆယ်လီတွေဟာ သူတို့ရဲ့အချစ်ရေးကို လျှို့ဝှက်ထားကြတာများပါတယ်။ နာမည်ကြီးဂျပန်အမျိုးသားအဆိုအဖွဲ့ Naniwa Danshi ရဲ့အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် ဒိုင်ဂို နီရှီဟာတာဆိုရင် သူ့ရဲ့အချစ်ရေးကို ဖုံးကွယ်ထားချင်လို့ မိန်းကလေးလို ဟန်ဆောင်ပြီး သူ့ချစ်သူကောင်မလေးရဲ့တိုက်ခန်းကနေ ထွက်လာခဲ့ပါတယ်။ သူ့ကို မိန်းကလေးလို ဟန်ဆောင်ပြီး တိုက်ခန်းကနေ ထွက်လာတာကို မြင်တွေ့ခဲ့ပြီးတဲ့နောက်မှာ အသက် ၂၄ နှစ်အရွယ် သတင်းကြေညာသူ ခါယို အရှီဒါနဲ့ တွဲနေတဲ့သတင်းထွက်ရှိလာခဲ့ပါတယ်။

ဒိုင်ဂိုဟာ ဇူလိုင်လ ၃၀ ရက်နေ့က သူ့အဆိုအဖွဲ့ရဲ့အိုဆာကာဖျော်ဖြေပွဲအပြီးမှာ တိုက်ခန်းတစ်ခုဆီ အငှားယာဉ်ငှားပြီး သွားခဲ့တယ်။ အဖြူရောင်တီရှပ်၊ အနက်ရောင်ဘောင်းဘီဝတ်ဆင်ပြီး အဝိုင်းဦးထုပ်ဆောင်းထားတဲ့ သူက ခရီးဆောင်အိတ်ကို ကိုင်ပြီး ဘေးပတ်ဝန်းကျင်ကို စုံစမ်းကြည့်တယ်။ နောက်အပေါက်ကနေ သော့နဲ့ ဝင်မသွားခင် အဆောက်အဦးပတ်ပတ်လည်ကို ကြိမ်ပေါင်းများစွာ လမ်းလျှောက်နေခဲ့တယ်လို့ ဂျပန်သတင်းဌာန Shukan Bunshun က ဆိုထားပါတယ်။

အဲဒီတိုက်ခန်းက ခါယိုရဲ့တိုက်ခန်းဆိုတာ သတင်းဌာနက နောက်ပိုင်းမှ သိခဲ့ရပါတယ်။ နောက်နေ့မနက်ခင်း တိုကျိုကို ပြန်တဲ့အချိန်မှာတော့ ဒိုင်ဂိုက သူ့ကို လူတွေသိမှာဆိုးလို့ ပခုံးလောက်ရွှေရောင်ဆံပင်အတုနဲ့ Mask ကို ဝတ်ထားပါတယ်။ ဝတ်စုံနဲ့ခရီးဆောင်အိတ်ကတော့ အရင်နေ့ကနဲ့အတူတူပါပဲ။

ဂျပန်သတင်းဌာနက အဲဒီပုံတွေကို တင်ခဲ့ပြီးတဲ့နောက်မှာ လူမှုကွန်ယက်ပေါ်ပျံ့နှံ့သွားခဲ့ပြီး လူပြောများတဲ့အကြောင်းအရာဖြစ်သွားခဲ့ပါတယ်။ အချစ်ရေးကောလဟာလနဲ့ ပတ်သက်ပြီး ဒိုင်ဂိုရဲ့အေဂျင်စီ Johnny & Associates ကတော့ သူတို့နှစ်ယောက်က သူငယ်ချင်းတွေပဲဖြစ်ပြီး အဲဒီနေ့ညက ခါယိုရဲ့တိုက်ခန်းမှာ အခြားသူတွေလည်းရှိခဲ့တယ်။ ပါတီတစ်ခုအတွက် ဆံပင်အတုဝတ်ဆင်ခဲ့ပြီး ဒါက အသုံးအဆောင်တစ်ခုသာဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သတင်းတွေမှာ ဖော်ပြထားတာကတော့ ဒိုင်ဂိုတို့စုံတွဲက (၁) နှစ်ခွဲလောက် LDRS အနေနဲ့ တွဲနေခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့သူငယ်ချင်းတွေကတဆင့် သိခဲ့ကြတာပါ။

Ref: Japanese Idol Disguises As Woman To Avoid Getting Caught Dating, But He Forgets One Important Thing.

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top