ဖိလစ်ပိုင်ကမ်းလွန်ဘက်မှာ တွေ့ရတဲ့ ဧရာမပင်လယ်မျော့ကြီး

12.7.2024-yyl-5.jpg

ဖိလစ်ပိုင်ကမ်းလွန်ဘက်မှာ တွေ့ရတဲ့ ဧရာမပင်လယ်မျော့ကြီးတစ်ကောင်ကို ရေငုပ်သမားတစ်ဦးက ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ရေအောက်အနက် ၂၅ မီတာမှာ တွေ့ရတဲ့ ပင်လယ်မျော့ကြီးဟာ ပုဇွန်တစ်ကောင်နဲ့ အလွန်ရင်းနှီးပြီး ပုဇွန်က ပင်လယ်မျော့ကြီးရဲ့ ကျောကုန်းပေါ် လိုက်စီးနေတဲ့ မြင်ကွင်းကြောင့် ရေငုပ်သမားက အံ့သြတကြီး ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံ ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေဟာ ပင်လယ်မျော့ ဖမ်းယူတဲ့လုပ်ငန်းနဲ့ အသက်မွေးကြလေ့ရှိပြီး ပင်လယ်မျော့တွေကလည်း ဈေးကောင်းရတဲ့ ပင်လယ်စာတစ်မျိုး ဖြစ်ပါတယ်။

Ref: Diver Captures Stunning Footage Of Giant Sea Cucumber In The Philippines
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top