ကိုလံဘီယာလေယာဉ်ပျက်ကျမှုမှာ မိခင်ဖြစ်သူ ၄ ရက်ကြာ အသက်ရှင်ခဲ့ပေမဲ့ သူ့ကို ထားခဲ့ပြီး လွတ်လမ်းရှာဖို့ သားသမီးတွေကို ပြောခဲ့

11.6.23-yyl-16.jpg

In this photo released by Colombia's Armed Forces Press Office, soldiers and Indigenous men pose for a photo with the four Indigenous brothers who were missing after a deadly plane crash, in the Solano jungle, Caqueta state, Colombia, Friday, June 9, 2023. Colombian President Gustavo Petro said Friday that authorities found alive the four children who survived a small plane crash 40 days ago and had been the subject of an intense search in the Amazon jungle. (Colombia's Armed Force Press Office via AP)

” အမေ့ကို ထားပြီး ဒီနေရာက ထွက်သွားကြတော့။ အကူအညီလိုက်ရှာကြ”။
အမေဇုန်တောနက်ထဲ လေယာဉ်ပျက်ကျသွားချိန်မှာ မူကူတိုင်ဆိုတဲ့ အမျိုးသမီးက ၄ ရက်ကြာ အသက်ရှင်ခဲ့သေးတယ်။ ဒါပေမဲ့ သူ့ကို ကယ်ဖို့ ကြိုးစားရင်း သူ့သားသမီး ၄ ယောက် အသက်ဆုံးရှုံးရမယ့်အဖြစ်မျိုးကို သူ မလိုလားခဲ့ဘူး။ ဒါကြောင့် သူ့ကို ပစ်ထားပြီး အကူအညီရှာဖွေကြဖို့ ကလေးတွေကို မှာခဲ့တာပါ။

မူကူတိုင်နဲ့ ကလေး ၄ ယောက် လိုက်ပါလာတဲ့ Cessna 206 လေယာဉ်ငယ်ဟာ အင်ဂျင်ချွတ်ယွင်းမှုကြောင့် ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ အမေဇုန်တောနက်ထဲ ပျက်ကျသွားခဲ့ပြီး လေယာဉ်မှူးနှစ်ယောက်နဲ့ မူကူတိုင် သေဆုံးခဲ့ပါတယ်။

ကိုလံဘီယာလေယာဉ် ပျက်ကျပြီး ၂ ပတ်အကြာမှာ လသားကလေးငယ် အပါအဝင် ကလေး ၄ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီလို့ ကိုလံဘီယာသမ္မတက တွစ်တာပေါ် ရေးသားခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ကလေးတွေ အသက်ရှင်နေတဲ့ လက္ခဏာသာ တွေ့ရှိခဲ့တာဖြစ်ပြီး ကယ်တင်နိုင်ခြင်း မရှိသေးပါဘူး။

လေယာဉ်ပျက်ကျပြီး ရက် ၄၀ အကြာမှသာ အသက် ၁၃ နှစ်၊ ၉ နှစ်၊ ၄ နှစ်နဲ့ ၁၁ လသားအရွယ် ကလေးငယ် ၄ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တာပါ။ သူတို့အမေက သူ့ကိုထားခဲ့ပြီး လွတ်လမ်းရှာဖွေကြဖို့ ပြောခဲ့တဲ့အကြောင်း အသက် ၁၃ နှစ်အရွယ် အကြီးဆုံးသမီးလေး လက်စ်လီက သူ့အဖေကို ပြောခဲ့တာဖြစ်ပါတယ်။ သီတင်းပတ်များစွာ အာဟာရပြည့်ဝစွာ မစားခဲ့ရတဲ့ ကလေးတွေဟာ ပိန်လှီနေကြပေမဲ့ ကျန်းမာရေးကောင်းမွန်ပြီး သူတို့ကို ဘိုဂိုတာမြို့ ဆေးရုံထံ တင်ပို့ခဲ့ကြပါတယ်။

ကလေးတွေဟာ တောထဲမှာ သစ်ကိုင်းသစ်ခက်တွေနဲ့ ခိုလှုံစရာနေရာ ဖန်တီးခဲ့ပြီး သစ်သီးတွေစားကာ ရှင်သန်ခဲ့ကြတာပါ။ လေယာဉ်ပျက်ကျတဲ့အချိန်ဟာ အမေဇုန်တောထဲမှာ စားစရာသစ်သီးတွေ လှိုင်လှိုင်ပေါတဲ့ရာသီဖြစ်ပြီး သစ်သီးတွေအကြောင်း သိနားလည်မှု၊ တောတွင်း ဗဟုသုတရှိမှုတွေကြောင့် ကလေးငယ်တွေ အသက်ရှင်သန်နိုင်ခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။

Ref: Colombia plane crash: Mum told children to leave her and get help

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top