Mask မတပ်ဘဲ အပြင်ထွက်တဲ့သူတွေကို ငွေဒဏ်ရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ဆို

5-9-2020-yyl-022.jpg

ရန်ကုန် အောက်တိုဘာ ၅

ရန်ကုန်တိုင်းမှာ ရောဂါပိုးပြန့်ပွားမှုများနေတဲ့အပြင် Mask မတပ်ဘဲ လူစုလူဝေးရှိတဲ့နေရာကို သွားနေတဲ့ အတွက် Mask မတပ်ဘဲ အပြင်ထွက်တဲ့သူတွေကို ငွေဒဏ်ရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြားလိုက်ပါတယ်။
”ဈေးတွေလို လူစုလူဝေးရှိတဲ့နေရာတွေကို သွားရတဲ့သူတွေအနေနဲ့ Mask တပ်ဆင်ပါလို့ စည်းကမ်းချက် ထုတ်ထားတဲ့နေရာတွေမှာ Mask မတပ်ရင် ငွေဒဏ်ရိုက်တော့မှာဖြစ်ပါတယ်။ ငွေဒဏ်ရိုက်တဲ့နေရာမှာ အများကြီး မရိုက်ပါဘူး”လို့ သူမက ပြောပါတယ်။

အခုလို ငွေဒဏ်ရိုက်တယ်ဆိုတာ ပြည်သူတွေကို ဒုက္ခပေးချင်လို့ မဟုတ်ဘဲ Mask တပ်ဆင်တယ်ဆိုတာက အင်မတန်အရေးကြီးတယ်ဆိုတာကို နားလည်စေချင်လို့ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် အခုလိုအချိန်မှာ ပြည်သူတွေအနေနဲ့ စီးပွားရေးအကျပ်အတည်းတွေရှိတယ်ဆိုတာကို နားလည်တဲ့ အတွက် ပြည်သူတွေကို မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ မပေးချင်ဘူးလို့လည်း သူမက ဆိုပါတယ်။

”ငွေဒဏ်ရိုက်မယ်။ တစ်ချိန်တည်းမှာပဲ Mask တစ်ခုကို ဝယ်ခိုင်းမယ်။ ငွေဒဏ်ထဲမှာ Mask တစ်ခုရဲ့ တန်ဖိုး ပါ, ပါတယ်။ ငွေဒဏ်က မများပါဘူး၊ ၂၀၀ ကျပ်လို့ သတ်မှတ်ထားပါတယ်။ ပေးမယ့် Mask တစ်ခုကိုလည်း ချက်ချင်း တပ်သွားပြီး အလေ့အကျင့်ဖြစ်အောင်လုပ်ပါ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တချို့နိုင်ငံတွေမှာ ရောဂါကို မထိန်းချုပ်နိုင်ပေမယ့် ရေရှည်မှာ စီးပွားရေးမကျဆင်းအောင် ဘယ်လိုလှုပ်ရှား နိုင်မလဲဆိုပြီး စဥ◌်းစားတဲ့နေရာမှာ ပထမဆုံးစဥ◌်းစားမိကြတဲ့အချက်တစ်ခုက Mask တပ်တဲ့အလေ့အကျင့်ကို ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့အချက်ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

အခုဆိုရင် Mask ရဲ့ ဈေးနှုန်းတွေလည်း အများကြီးကျလာတဲ့အတွက် ပြည်သူတွေအနေနဲ့ Mask တပ်ဆင်တဲ့ အကျင့်နဲ့ လက်ဆေးတဲ့အကျင့်ကို အရိုးစွဲသွားအောင် အလေ့အကျင့်တစ်ခုလို၊ ယဥ◌်ကျေးမှုတစ်ခုလို ဆောင်ရွက်ကြ ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top