၅ သိန်းဝန်းကျင်မှာ 108MP ဖြင့် ရိုက်ကူးနိုင်သော အကောင်းဆုံးစွမ်းဆောင်ရည်တွေနှင့် MLBB Official Gaming ဖုန်း SPARK 20 Pro ကို မိတ်ဆက်ပေးလိုက်သည့် TECNO

10.2.24-yyl-1.jpg

Gamer တို့အကြိုက် Mobile Legend Bang Bang နဲ့ Official Partner ဖြစ်တဲ့ SPARK 20 Pro တွင် သုံးပေးထားတဲ့ G99 Gaming Processor က ဒီစျေးတန်းဝန်းကျင်မှာ Pro တွေရဲ့ လက်စွဲတော်ဖြစ်လာမည့် အကောင်းဆုံး အရွေးချယ်သင့်တဲ့ Chipset တစ်ခုပါပဲ။ MLBB ကို Ultra mode နဲ့ Graphic အလန်းစားဖြင့် ဆော့နိုင်ပြီး ATOM Sim Card ထည့်သွင်းအသုံးပြုပါက MLBB ကို တစ်လတိတိ အင်တာနက် မကုန်ကျပဲ စိတ်ကြိုက်ရှယ်ဆော့နိုင်မှာဖြစ်လို့ အောင်ပွဲတွေဆင့် နိုင်ပွဲတွေ အကြိမ်ကြိမ် ကြုံတွေ့ရမှာပါ။

၅သိန်းဝန်းကျင်မှာ ပထမဦးဆုံးထွက်ရှိလာတဲ့ Gaming အတွက်ပဲ မဟုတ်ဘဲ ကင်မရာမိုက်တာလေးလည်း လိုချင်သူများအတွက် ကြည်လင် ပြတ်သားသော ရုပ်ထွက်ကို ပေးစွမ်းနိုင်မဲ့ 108MP Main Camera လည်းပါရှိပါတယ်။32 MP Glowing Selfie နဲ့အတူ 3 Lights Mode ပါဝင်လာတဲ့အတွက် selfie ရိုက်တဲ့ သူတွေအတွက် ပိုသဘောကျစေမဲ့ အချက်တစ်ခုပါပဲ။3X Lossless zoom မှ 10X zoom အထိ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်ပြီး အလင်းလုံလောက်မှုမရှိတဲ့ ညဘက်တွေမှာလည်း အကောင်းဆုံး ရိုက်ချက်ထုတ်ပေးနိုင်ပါတယ်။

Entry-level Gaming ဖုန်းကို ၅ သိန်းဝန်းကျင်လောက်နဲ့ အကောင်းဆုံးရွေးချယ်နိုင်သည့် ပထမဦးဆုံးသော 21 GB + 256 GB နှင့် 16 GB + 256 GB စတဲ့ Ram/Rom များများနဲ့ဆိုတော့ ကိုယ်အသုံးပြုချင်တဲ့ Social App တွေ၊ ဂိမ်းတွေနှင့် တခြားသော လုပ်ဆောင်ချက်များစွာကို တစ်ပြိုင်တည်း အသုံးပြုနိုင်တော့ လူငယ်တွေအတွက် အသင့်လျော်ဆုံး ဘတ်ဂျက်ဖုန်းတစ်လုံးပါပဲ။

ပါဝါဘဏ်ယူဆောင်စရာမလိုဘဲ တစ်နေတာလုံးအတွက် လောက်လောက်ငှငှ အသုံးခံမည့် 5000 mAh ဘတ်ထရီနဲ့ 33W အလျှင်အမြန် အားသွင်းစနစ် ပါဝင်ပါသည်။

ဘယ်လောက်သုံးသုံး အသွက်လက်ဆုံး ဖြစ်နေမည့် 120 Hz Refresh Rate နဲ့ဆိုတော့ Social Media တွေသုံးတဲ့အခါ သွက်လက်နေမယ်။Game ဆော့ရာတွင်လည်း Lag ခြင်း၊ ဟမ်းခြင်း လုံးဝမရှိဘဲ Battle တိုင်းမှာ စိတ်သွားတိုင်းကိုယ်ပါနေမဲ့အပြင် 6.78” FHD Screen Size အရွယ်အစားရှိသည့် မျက်နှာပြင်ကျယ်ကျယ်ဖြင့် Social Media များ၊ Game များ၊ ရုပ်ရှင်များကို ရှင်းလင်းစွာ ကြည့်ရှုနိုင်ပါသည်။

သာမန်ဖုန်းတွေမှာတော့ Speaker တစ်လုံးသာပါဝင်ပေမယ့် ယခု SPARK 20 Pro တွင် ရုပ်ရှင်ရုံကဲ့သို့ ခံစားနားဆင််နိုင်သည့် Stereo စပီကာ နှစ်ပေါက်ဖြင့် နားဆင်နိုင်သည့်အပြင် dts Sound effects ပါဝင်သည့်အတွက် ပိုမိုကျယ်လောင်စွာ နားဆင်နိုင်ပါသည်။

Model အမြင့်များတွင်သာတွေ့ရလေ့ရှိသော IP53 အဆင့်ရှိ ရေစို၊ဖုန်ပေဒဏ်ခံနိုင်ရည်ရှိတဲ့ အဆင့်မြင့် နည်းပညာပါရှိတဲ့အတွက် ဒီလိုအချက်တွေနဲ့ ဝယ်ဖို့ ထိုက်တန်တဲ့ SPARK 20 Pro ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နီးစပ်ရာ TECNO Showroom များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်တို့မှာ ဝယ်ယူပြီး အမိုက်စား လက်ဆောင်များကို ရယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

ထပ်မံလေ့လာသိရှိလိုပါက ဖော်ပြထားသည့် ( https://www.facebook.com/TECNOMobileMyanmar?mibextid=JRoKGi ) TECNO Page တွင် စုံစမ်းသိရှိနိုင်ပါသည်။

#TECNO

#SPARK20Pro

#TECNOSPARK20Pro

#သွက်လက်မိမိုက်Gamerတို့အကြိုက်

#MLBB

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top