တောင်တက်ရင်း ကွယ်လွန်သွားတဲ့ သခင့်အလောင်းဘေးမှာ ၇၂ ရက်ကြာ အတူရှိနေခဲ့တဲ့ သစ္စာရှိ ခွေးလေး

19.11.23-yyl-1.jpg

တောင်တက်ရင်း ကွယ်လွန်သွားတဲ့ သခင်ရဲ့ ရုပ်အလောင်းဘေးမှာ ၇၂ ရက်ကြာ အတူရှိနေခဲ့တဲ့ သစ္စာရှိ ခွေးလေးကို ကော်လိုရာဒိုတောင်တန်းတွေပေါ်ကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိတဲ့ ရစ်မိုးဟာ Blackhead Peak တောင်ထိပ်ကို တက်ရောက်နိုင်ဖို့ ရည်ရွယ်ပြီး သြဂုတ်လ ၁၉ ရက်မှာ Jack Russell Terrier ခွေးလေး ဖင်နေးနဲ့အတူ တောင်တက်ခရီးစဉ် စတင်ခဲ့တာပါ။

ဒါပေမဲ့ ရစ်မိုးဟာ အပူချိန် အလွန်အမင်း ကျဆင်းမှုကြောင့် တောင်တက်ရင်း ကွယ်လွန်သွားခဲ့ပါတယ်။ ရစ်မိုးရဲ့မိသားစုက လူပျောက်တိုင်ချက်ဖွင့်လို့ သူ့ကို အပူတပြင်း လိုက်လံရှာဖွေခဲ့ကြပေမဲ့ မတွေ့ခဲ့ကြပါဘူး။ အောက်တိုဘာလ ၃၀ ရက်မှာတော့ ကော်လိုရာဒိုပြည်နယ် အနောက်တောင်ပိုင်း ဆန်ဟွမ်တောင်တန်းပေါ်မှာ ရစ်မိုးရဲ့ ရုပ်အလောင်းကို မုဆိုးတစ်ဦးက ရှာဖွေတွေ့ရှိခဲ့တာပါ။ ရစ်မိုးရဲ့အလောင်းဘေးကနေ ခွေးလေး ဖင်နေးကို တွေ့ခဲ့တာပါ။

ဖင်နေးဟာ ခြင်္သေ့၊ ဝက်ဝံ၊ ခွေးအတွေရန်ကနေ ရှောင်ရှားရင်း ကြွက်တွေကို ဖမ်းယူစားသောက်ကာ အသက်ရှင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ” ဒီခွေးလေးသာ စကားပြောနိုင်ရင် တကယ့်ကို ရင်သပ်ရှုမောဖွယ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာပါ။ သူ ပြန်ပြောပြရင်တောင် ကျွန်တော်တို့ ယုံရခက်ခက်ပါပဲ”လို့ တာအို့စ် ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့ဝင် ဒီလင်ဒါက ပြောပါတယ်။

ခွေးလေး ဖင်နေးဟာ ၇၂ နှစ်ကြာကာလအတွင်း ခန္ဓာကိုယ်အလေးချိန် တစ်ဝက် ကျဆင်းသွားခဲ့ပြီး အရိုးပေါ် အရေတင်ဖြစ်ခဲ့လို့ အသက်အန္တရာယ် စိုးရိမ်ခဲ့ရပေမဲ့ အခုချိန်မှာတော့ ကျန်းမာရေးပြန်ကောင်းလာပြီး မူလ ခန္ဓာကိုယ်အရွယ်အစားမျိုး ပြန်ဖြစ်လာပါပြီ။

Ref: Dog Miraculously Survives 72 Days Alone In Colorado Mountains After Owner’s Death
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top