ကိုဗစ်ရောဂါပိုးရှိရက်နဲ့ ဟာဝိုင်ယီပြည်နယ်ကို လေကြောင်းခရီးသွားခဲ့တဲ့ စုံတွဲအဖမ်းခံခဲ့ရ

4-12-2020-yyl-010.jpg

ကယ်လီဖိုးနီးယားပြည်နယ်က စုံတွဲတစ်တွဲဟာ COVID-19 ရောဂါပိုးကူးစက်ခံနေရမှန်းသိရက်နဲ့ လေကြောင်းခရီးနဲ့ ဟာဝိုင်ယီပြည်နယ်ကို သွားရောက်ခဲ့တဲ့အတွက် ဟာဝိုင်ယီလေဆိပ်မှာ အဖမ်းခံခဲ့ရပါတယ်။ ဝီစ်လေ မော်ရစ်ဘီ (၄၁ နှစ်) နဲ့ ကောက်တ်နေး ပီတာဆန် (၄၆နှစ်) တို့ကို San Francisco International Airport အာဏာပိုင်တွေက သီးခြားနေထိုင်ဖို့နဲ့ လေယာဉ်မစီးဖို့ တနင်္ဂနွေနေ့က ပြောဆိုခဲ့ပေမဲ့လည်း သူတို့ရဲ့အသက်၄ နှစ်အရွယ်ကလေးနဲ့အတူ Lihue သို့ ပျံသန်းမယ့် United Airlines ပေါ်တက်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လေယာဉ်ဆင်းသက်လာပြီးတဲ့နောက်မှာ သူတို့စုံတွဲကို ဖမ်းဆီးပြီး သီးသန့်လုပ်ပေးထားတဲ့ Isolation အခန်းထဲကို လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ သူတို့စုံတွဲကို တစ်ယောက်ချင်း အာမခံကြေး ဒေါ်လာ ၁၀၀၀စီနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ကလေးလေးကိုလည်း မိသားစုဝင်ရဲ့စောင့်ရှောက်ပေးမှုနဲ့ လွှတ်ပေးခဲ့ပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုကိုတော့ အကြောင်းကြားခဲ့ပါတယ်။ သူတို့စုံတွဲကို ကိုဗစ်ရောဂါပိုးတွေ့ခဲ့တဲ့အတွက် San Francisco လေဆိပ်ရဲ့ Quarantine Station ကို ခေါ်ဆောင်လာခဲ့ပြီး လေယာဉ်မစီးဖို့ ပြောဆိုခဲ့တာပါ။ “သူတို့တွေက ကိုဗစ်ရောဂါပိုးရှိတာကို သိရဲ့သားနဲ့ လေယာဉ်စီးခဲ့ကြတာပါ။ ဒါက လေယာဉ်ပေါ်က ခရီးသည်တော်တော်များများကို အသက်အန္တရာယ်ထဲ တွန်းပို့နေတာပါပဲ” လို့ Kauai ရဲဌာနက ပြောပါတယ်။

ပြည်နယ်ဆိုင်ရာရောဂါပိုးစစ်ဆေးမှုပရိုဂရမ်ကို ဟာဝိုင်ယီမှာ ယာယီခွင့်ပြုပေးဖို့ Kauai မြို့တော်ဝန် ဒဲရစ် ကာဝါကာမီရဲ့တောင်းဆိုချက်ကို ဒီမိုကရက်တစ်အုပ်ချုပ်ရေးမှူးဒေးဗစ် အီဂီက ပြီးခဲ့တဲ့အပတ်ကမှ ထောက်ခံပေးခဲ့တာပါ။ Kauai ကို လာရောက်တဲ့ခရီးသွားတွေမှာ ကိုဗစ်ရောဂါပိုးရှိမရှိသိရဖို့အတွက် Quarantine (၁၄) ရက်နေရမယ်ဆိုတဲ့ထုတ်ပြန်ချက်က ဗုဒ္ဓဟူးနေ့မှာ စတင်ခဲ့ပါတယ်။ လူအများစုကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာရပ်ကို ပြင်းပြင်းထန်ထန်မခံစားရပါဘူး။ ပေါ်လာတဲ့ရောဂါလက္ခဏာရပ်တွေကလည်း (၂) ပတ် ၃ပတ်အတွင်းမှာ ပျောက်သွားကြပါတယ်။ ရောဂါအခံရှိတဲ့သက်ကြီးပိုင်နဲ့ အရွယ်ရောက်ပြီးသားသူတွေကတော့ အဆုတ်ရောင်ရောဂါနဲ့ သေဆုံးခြင်းအပါအဝင် ပြင်းထန်တဲ့ ဖျားနာခြင်းကို ပိုပြီးကြုံတွေ့ရနိုင်ပါတယ်။

Ref: CBSNews “Couple arrested for flying to Hawaii despite positive COVID-19 tests”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top