အဖေနှင့် အမေဟာ ကျွန်တော့်ကို လူဖျင်း လူညံ့ တစ်ယောက်လို့ပဲ အမြဲ သတ်မှတ်ထားတာပါ။ အရာရာကို အလေးအနက် မထားဘဲနဲ့ ပေါ့ပေါ့ပျက်ပျက် နေတတ်သူ တစ်ယောက်လို့လည်း သူတို့က ထင်မြင်ကြတယ်။ တစ်ခါတစ်လေဆိုရင် အဖေကတော့ အမြဲပဲ ဆုံးမတယ်။ ကျွန်တော့်ကို အတော်အတန် ရိုက်ပြီး ဆုံးမလေ့ မရှိဘူး။
တကယ်တော့ ကျွန်တော်ဟာ လူဖျင်းလူညံ့ တစ်ယောက်ဆိုတာ လုံးဝ မမှားပါဘူး။ ဒါပေမယ့် ကျွန်တော့် ရင်ထဲမှာ ရှိတဲ့ စိတ်ကိုတော့ အဖေ့နှင့် အမေ မသိပါဘူး။ အဲဒါကတော့ အဖေနှင့် အမေကို ချမ်းချမ်းသာသာနဲ့ အလုပ်မလုပ်ဘဲ ထားချင်ပါတယ်။ မိဘတွေ စိတ်ညစ်မှာကို အမြဲ စိုးရိမ်ပြီး အမြဲ ပျော်ရွှင်အောင် ထားချင်ပါတယ်။
ကျွန်တော့်ဘဝထက် အဖေ့နှင့် အမေရဲ့ ဘဝကို ကျွန်တော်က စိုးရိမ်သူပါ။ မိဘတွေကို ယုယုယယ မပြုစုနိုင်ပေမယ့် အမြဲတန်း မိဘဘေးနားမှာပဲ နေချင်တာပါ။ ကျွန်တော် အရာရာမှာ ညံဖျင်းပေမယ့် မိဘနဲ့ ပက်သက်လာရင်တော့ ထိပ်ဆုံးထိအောင် ရောက်ချင်သူ တစ်ယောက်ပါ။ အဖေရယ် အမေရယ် မိသားစုရယ် အမြဲမခွဲ အတူနေချင်ပါတယ်။