အမျိုးသမီးများ ဒေါက်မြင့် ဖိနပ်ကို အမြဲတမ်း မစီးသင့်

9b800507db15ce388504c3a8bddf6cdd.jpg

အခုခေတ် အမျိုးသမီး တော်တော်များများဟာ ဒေါက်မြင့် ဖိနပ်တွေ စီးကြတာကို တွေ့မြင်ရမှာပါ။ အပြင်သွားရင်ပဲ ဖြစ်ဖြစ် ၊ ရုံးကို သွားရင်ပဲဖြစ်ဖြစ် စတိုင် တစ်ခုနေနှင့်သော်လည်း အကျင့်တစ်ခု အနေနဲ့သော်လည်းကောင်း စီးကြပါတယ်။ ကမ္ဘာ တစ်ဝှမ်းမှာလည်း အမျိုးသမီးများ ဒေါက်ဖိနပ် စီးခြင်းက စတိုင်တစ်ခုလို ဖြစ်နေတော့ ဒါကို တားမြစ်ရင်လည်း တားမြစ်တဲ့လူက အမှား ဖြစ်ပါလိမ့်မယ်။

ဒေါက်မြင့် ဖိနပ် စီးခြင်းဟာ မိမိ ခြေထောက်ကို အချိုး အညီမမျှခြင်း ဆိုးကျိုးကို ဖြစ်ပေါ်စေပါတယ်။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ရဲ့ အလေးချိန် တစ်ခုလုံကို ခြေဖျားက ထိန်းထားရလို့ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ဒေါက်မြင့် ဖိနပ်တွေကို မိမိ စတိုင်ကျ လှပဖို့ တစ်ခုတည်း အတွက် စီးနေတယ်ဆိုရင်တော့ အဆိုပါ ဒေါက်မြင့် ဖိနပ်ကို မစီးသင့်ပါဘူး။ ဒေါက်မြင့် ဖိနပ်တွေကို စီးကြတဲ့ သူတွေအနေနဲ့ မိမိကိုယ်ကို စတိုင်ကျ လှပတယ်လို့ ခံစားရပေမဲ့ ဒေါက်မြင့် ဖိနပ်ကို စီးပြီး နောက်ထပ် သုံးလ အကြာမှာတော့ မိမိရဲ့ ခြေကျင်းဝတ် အရိုးဟာ ငေါထွက်လာကြောင်းကို ကိုးရီးယား နိုင်ငံ၏ သုတေသန ပညာရှင် ဒေါက်တာ တစ်ဦးမှ ပြောကြားထားပါတယ်။

လေ့လာ တွေ့ရှိချက်များအရ အမျိုးသမီး အများစုဟာ ၁၀ စင်တီမီတာ အမြင့်ရှိတဲ့ ဒေါက်ဖိနပ် အမြင့်ကို တစ်ပတ်မှာ သုံးကြိမ်နှုန်း စီးကြပါတယ်။ ဒါကြောင့် အဆိုပါ အမျိုးသမီးတွေကို နောက် သုံးလကြာတဲ့ အချိန် သူတို့ရဲ့ ခြေကျင်းဝတ်မှာရှိတဲ့ ကြွက်သားများကို တိုင်းတာကြည့်တဲ့အခါ ခြေကျင်းဝတ်ရှိ ကြွက်သွားများ မာကျောလာပြီး ခြေကျင်းဝတ် အရိုးများ အနည်းငယ် ငေါထွက်လာတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် ကျောရိုး နာကြင်ခြင်း ဒဏ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေဖြင့် ဒေါက်မြင့် ဖိနပ်များ စီးခြင်းကို လျှော့ချသင့်ပါတယ်။ မဖြစ်မနေ ဒေါက်မြင့် ဖိနပ် စီးရတဲ့အခါ မိမိရဲ့ ခြေကျင်းဝတ်ကို နှိပ်ပေးခြင်း ၊ ခြေချောင်းလေးများကို နှိပ်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဒေါက်မြင့် ဖိနပ်စီးခြင်းကို လျှော့ချနိုင်သလောက် လျှော့ချသင့်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top