အခမဲ့ ဆေးကုသပေးနိုင်ဖို့အတွက် လစာ ၂၅ ရာခိုင်နှုန်း လျှော့ယူခဲ့သူ

doctor1.jpg

နိုင်ဂျီးရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား အာရုံကြော ခွဲစိတ်ဆရာဝန် ဒေါက်တာ ဆူလေမန်ဟာ နယူးအော်လင်းပြည်နယ်က အော့ချ်စနာဆေးရုံမှာ တာဝန်ထမ်းဆောင်နေသူပါ။ သူဟာ နိုင်ဂျီးရီးယားနိုင်ငံမှ ဆင်းရဲနွမ်းပါးသူတွေကို အခမဲ့ ဆေးကုသခွင့်ပေးနိုင်ဖို့အတွက် နိုင်ဂျီးရီးယားကို ပုံမှန်သွားလေ့ရှိပြီး အဲဒီလိုသွားနိုင်ဖို့အတွက် ဆေးရုံကနေ လစာ ၂၅ ရာခိုင်နှုန်း လျှော့ယူနေသူပါ။

ဆူလေမန်ဟာ ဇနီးဖြစ်သူနဲ့အတူ RNZ Global ကုမ္ပဏီကို ထူထောင်ထားပြီး နိုင်ဂျီးရီးယားနိုင်ငံမှာ အာရုံကြော ခွဲစိတ်ကုသမှုနဲ့ လေ့ကျင့်သင်ကြားမှုတွေကို အခမဲ့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒေါက်တာ ဆူလေမန်ရဲ့ ခံယူချက်ကတော့ လူဖြစ်ရတဲ့ အခိုက်အတန့်မှာ အဓိပ္ပာယ်ရှိစွာ ရှင်သန်နိုင်ဖို့အတွက် သန်းကြွယ်သူဌေး ဖြစ်စရာ မလိုဘူး၊ ကိုယ် တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန် လုပ်ပေးနိုင်ဖို့ပါပဲတဲ့။

ဒေါက်တာ ဆူလေမန်ရဲ့ အနာဂတ်စီမံကိန်းကတော့ နိုင်ဂျီးရီးယားနိုင်ငံမှာ အထူးကုသစောင့်ရှောက်မှု တိုးတက်ကောင်းမွန်လာရေး၊ ပြည်ပထွက်ပြီး ဆေးကုသရသူ အရေအတွက် လျှော့ချနိုင်ရေးအတွက် ကမ္ဘာ့အဆင့်မီ အာရုံကြောခွဲစိတ်ကုသရေးစင်တာ လေးခု တည်ဆောက်နိုင်ရေးပါပဲ။

Ref: Dr. Sulaiman accepted a 25% pay cut to allow for more time off to perform free surgeries

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top