COVID 19 ကြောင့် တားမြစ်ပိတ်ပင်မှုတွေက အချိန်နှစ်နှစ်ကြာနိုင်တယ်လို့ ဂျာမနီနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့က သတိပေး

18-3-2020-yyl-007.jpg

ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် တားမြစ်ပိတ်ပင်မှုတွေဟာ အချိန် (၂) နှစ် ကြာနိုင်တယ်လို့ ဂျာမနီနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးအဖွဲ့က မတ်လ (၁၇) ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ ဂျာမနီဖက်ဒရယ်အစိုးရအဖွဲ့ The Robert Koch Institute က ဂျာမနီနိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုက ခြိမ်းခြောက်မှု များလာတဲ့အတွက် အခုလိုသတိပေးလိုက်ရတာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက ကူးစက်ခံရသူ (၇,၀၀၀) နဲ့ သေဆုံးသူ (၁၄) ဦးရှိနေတဲ့အတွက် ဘုရားကျောင်း၊ ဗလီ၊ ရဟူဒီဘုရားရှိခိုးကျောင်းတွေမှာ လူစုဝေးတာတွေကို တားမြစ်မှာဖြစ်ပြီး ကစားကွင်းတွေနဲ့ တချို့ဆိုင်တွေကို ပိတ်ထားမှာဖြစ်တယ်လို့လည်း ဂျာမနီတရားဝန်ကြီးချုပ်က မတ်လ (၁၆) ရက်နေ့မှာ ကြေညာခဲ့ပြီးတဲ့နောက် အခုလိုသတိပေးချက် ထွက်ရှိလာခဲ့ပါတယ်။

COVID 19 ကပ်ရောဂါက ဆက်လက်ဖြစ်ပွားနေမှာ ဖြစ်တဲ့အတွက် တားမြစ်ပိတ်ပင်မှုတွေက (၂၄) လအထိ ကြာသွားနိုင်တယ်လို့ The Robert Koch Institute က ပြောခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် လူဘယ်နှစ်ယောက်က ကိုယ်ခံအားစနစ်ပြန်ကောင်းလာမလဲ။ ရောဂါပိုးတွေ့ရှိသူ လူဘယ်နှစ်ယောက်ရှိလဲနဲ့ ကုသဆေးရရှိဖို့ အချိန်ဘယ်လောက် ကြာမလဲဆိုတာတွေပေါ်မူတည်ပြီးတော့ အချိန်အတိုင်းအတာကို သတ်မှတ်ရမှာဖြစ်တယ်လို့ The Robert Koch Institute ရဲ့ဥက္ကဋ္ဌ လော့သာ ဝေလာက ဆိုပါတယ်။ အဲဒီအချိန်အတွင်းမှာ နေထိုင်ရမယ့် အရေပေါ်စီမံချက် တချို့ကိုတော့ လေ့ာသာဝေလာက ပြောကြားထားခြင်းမရှိပါဘူး။

ဂျာမနီအစိုးရက နိုင်ငံရပ်ခြားရောက်နေတဲ့ ဂျာမနီလူမျိုးတွေကို ပြန်ခေါ်ဖို့ ယူရို သန်း (၅၀) အကုန်အကျခံနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးချုပ် ဟိုင်ကို မာအက်က ပြောပါတယ်။ သူက အခြားနိုင်ငံမှာ ရောက်ရှိနေတဲ့ဂျာမနီလူမျိုးအရေအတွက် အတိအကျကို မပေးနိုင်ပေမဲ့ မော်ရိုကိုနိုင်ငံမှာ (၄၀၀၀) (ဒါမှမဟုတ်) (၅၀၀၀) ဝန်းကျင်လောက်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဘာလင်မြို့အစိုးရကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၀၀၀) ကျော်ကို ကုသဖို့အတွက် ဆေးရုံသစ်ကြီးတစ်ခုတည်ဆောက်ဖို့ သဘောတူထားပါတယ်။ တည်ဆောက်ရေးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြောပြမထားပါဘူး။ တနင်္လာနေ့ကစပြီး ဘာလင်မြို့ မြေအောက်ရထား ဝန်ဆောင်မှုတွေကိုလည်း လျော့ချထားမယ်လို့ သိရပါတယ်။

Ref: Drastic coronavirus restrictions could last TWO YEARS, Germany warns

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top