သီရိလင်္ကာနိုင်ငံက အသေခံဗုံးခွဲတိုက်ခိုက်သူတွေထဲမှာ ဗြိတိန်နိုင်ငံက ဘွဲ့ရတစ်ယောက် ပါဝင်

in4-1.jpg

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သီရိလင်္ကာနိုင်ငံတစ်ဝန်းမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူ ၃၅၉ ဦး သေဆုံးခဲ့ပြီး လူ (၅၀၀) နီးပါး ဒဏ်ရာရခဲ့ပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သူ (၉) ယောက်ထဲမှာ ၈ ယောက်ကို ခွဲခြားဖော်ထုတ်နိုင်ခဲ့ပါပြီ။ အဲဒီ (၈) ယောက်ထဲမှာ တစ်ယောက်ကတော့ အမျိုးသမီးဖြစ်ပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သူတွေဟာ ငွေရေးကြေးရေး တောင့်တင်းပြီး ပညာတတ် အသိုင်းအဝိုင်းကလို့ ဆိုပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သူ တစ်ယောက်ကတော့ ဗြိတိန်နိုင်ငံမှာ ပညာသင်ကြားရင်း ဘွဲ့ယူခဲ့ပြီး သြစတြေးလျနိုင်ငံမှာ ဘွဲ့လွန်ထပ်တက်ခဲ့တယ်လို့ သီရိလင်္ကာနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဧပြီလ (၄) ရက်နေ့မှာကတည်းက သီရိလင်္ကာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေဖွယ်ရှိတယ်လို့ အိန္ဒိယထောက်လှမ်းရေးအဖွဲ့က သတင်းပေးခဲ့ပေမဲ့ အဲဒီသတင်းကို သီရိလင်္ကာသမ္မတ သီရိဆန်နာနဲ့ ဝန်ကြီးချုပ် ဝစ်ခ်ရာမီဆင်းဂျ်တို့ထံ မပေးပို့ခဲ့ဘူးလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top