BTS အဖွဲ့ဝင်တွေ အားကျရတဲ့ အမေရိကန်အနုပညာရှင်များ

bts.jpg

BTS အဖွဲ့ဝင်တွေက သူတို့အကြိုက်ဆုံးအမေရိကန်အနုပညာရှင်တွေအမည်ကို ရေဒီယိုဒစ်စနေ မှာပြောကြားခဲ့ပါတယ်။

ရေဒီယိုဒစ်စနေက BTS အဖွဲ့ဝင်တွေအကြောင်း ပရိသတ်တွေပိုပြီးသိအောင် အင်တာဗျူးဖြေကြားပေးဖို့ ဖိတ်ကြားခဲ့ခြင်းဖြစ်ပါတယ်။ အင်တာဗျူးမှာ အစီအစဉ်တင်ဆက်သူက BTS အဖွဲ့ဝင်တွေကိုသူတို့ရဲ့ ဂီတလွှမ်းမိုးမှုတွေနဲ့ ဘယ်လိုဂီတမျိုးကိုစိတ်ဝင်စားသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။

V ကတော့ လက်ရှိ Daniel Caesar ကိုစိတ်ထဲစွဲနေကြောင်း ပြောကြားခဲ့ပါတယ်။ J-Hope ကတော့ A$AP Rocky၊ A$AP Mob နှင့် Will Ferrel တို့ကို ကြိုက်နှစ်သက်ကြောင်းပြောကြားခဲ့ပါတယ်။ RM က လက်ရှိသူအကြိုက်ဆုံးက Drake ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ Jin ကတော့ Shawn Mendes ကိုနှစ်သက်ကြောင်းနှင့် တနေ့တော့ သူနဲ့ အတူတွဲပြီး ဖျော်ဖြေချင်ကြောင်းပြောကြားခဲ့ပါတယ်။ Suga ကတော့ BTS သည်သာ အမြဲတမ်း သူအနှစ်သက်ဆုံးတေးဂီတ အဖွဲ့ပါတဲ့။ နောက်ဆုံးတယောက်ဖြစ်တဲ့ Junghookကတော့ Justin Bieber ၊ Troye Sivan နှင့် Charlie Puth တို့က သူ့ရဲ့ idols တွေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top