ဂျက်ကီချမ်းနဲ့ဂျက်လီတို့နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့တိုက်ခိုက်ရေးသမားလဲ

26-10-2022-yyl-01.jpg

မင်းသားကြီး ဘရူစလီပြီးရင် ဂျက်လီ (အသက် ၅၉ နှစ်) နဲ့ ဂျက်ကီချန်း (အသက် ၆၈ နှစ်) တို့က တရုတ်ကိုယ်ခံပညာကို ကမ္ဘာကသိအောင်လုပ်ပေးနိုင်လို့ ချီးကျူးခံရတဲ့သူတွေပါပဲ။ သူတို့ရဲ့ရုပ်ရှင်ကားတွေကို လူတော်တော်များများ အားပေးနှစ်သက်ခဲ့ကြတာပါ။

တိုက်ခိုက်ရေးစွမ်းရည်နဲ့ ပတ်သက်လာရင် ဂျက်ကီချမ်းနဲ့ ဂျက်လီတို့က အရည်အချင်းအတူတူလောက်ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ပရိသတ်တွေက သူတို့နှစ်ယောက် တိုက်ခိုက်ရင် ဘယ်သူအနိုင်ရနိုင်မလဲဆိုပြီး မေးခွန်းထုတ်ကာ အကြာကြီး အခြေအတင်ဆွေးနွေးခဲ့ကြတာပါ။ အရင်က အင်တာဗျူးတစ်ခုမှာ ဂျက်ကီချမ်းနဲ့ ဂျက်လီတို့ရဲ့ ကိုယ်ခံပညာနဲ့ပတ်သက်ပြီး ဟောင်ကောင်ဒါရိုက်တာ ဝေါင်ကျင်းရဲ့အမြင်က ဒီမေးခွန်းကို အဆုံးသတ်သွားစေဖို့ ကူညီပေးမှာပါ။

ဂျက်ကီချမ်းနဲ့ ဂျက်လီနှစ်ယောက်လုံးနဲ့ လက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ ဒါရိုက်တာဝေါင်ကျင်းက ဂျက်လီရဲ့ကိုယ်ခံပညာအကြောင်း စပြောခဲ့ပါတယ်။ ဂျက်လီက ကိုယ်ခံပညာလောကမှာလက်နက်ကိရိယာအသုံးပြုနိုင်စွမ်းအားကောင်းဆုံးသူအဖြစ် သတ်မှတ်ခံထားရတယ်။ လက်နက်အသုံးပြုတာ (အထူးသဖြင့် တရုတ်လက်နက်တွေအသုံးပြုတာ) နဲ့ပတ်သက်လာရင် ဂျက်လီက ထိထိရောက်ရောက်တိုက်ခိုက်ဖို့အတွက် ဒီလက်နက်ကိရိယာတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကို ကောင်းစွာနားလည်သဘောပေါက်တယ်။ ဝါးလုံး၊ ကြိုးတွေအသုံးမပြုရရင်တောင် ဂျက်လီက ကောင်းကောင်းတိုက်ခိုက်နိုင်တယ်လို့ သူက ပြောပါတယ်။

အဲဒီနောက် ဂျက်ကီချမ်းရဲ့ကိုယ်ခံပညာနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြပါတယ်။ ဂျက်လီနဲ့ မတူတာက ဂျက်ကီချမ်းဟာ လက်ဗလာနဲ့တိုက်ခိုက်ရင် အထူးကျွမ်းကျင်တာပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်ထိန်းနိုင်စွမ်းက အမြဲအားကောင်းနေပြီး ပြိုင်ဘက်ကို တိုက်ခိုက်တဲ့အခါ၊ ရှောင်တိမ်းတဲ့အခါ အချိန်ကိုက်လုပ်ဆောင်နိုင်မှုက ပြိုင်ဘက်ကင်းတယ်။ တိုက်ခိုက်နေရင်းနဲ့ ဟာသလုပ်တဲ့နည်းလမ်းနဲ့လည်း လုပ်ဆောင်နိုင်တယ်လို့ ဒါရိုက်တာက ပြောပါတယ်။

ဂျက်ကီချမ်းနဲ့ ဂျက်လီတို့ရဲ့ကိုယ်ခံပညာနဲ့ပတ်သက်ပြီး ဒါရိုက်တာ ဝေါင်ကျင်းရဲ့အမြင်သဘောထားအရတော့ ဒီအက်ရှင်မင်းသားကြီးနှစ်ဦးရဲ့တိုက်ခိုက်တဲ့ပုံစံက အခြေခံအားဖြင့် ကွဲပြားတာကြောင့် သူတို့ကို နှိုင်းယှဉ်ပြီး သူတို့တိုက်ခိုက်ရင် ဘယ်သူနိုင်မလဲဆိုတဲ့ မေးခွန်းထုတ်ဖို့ မဖြစ်နိုင်ပါဘူး။

Ref: 8daysSingapore “Is Jet Li Or Jackie Chan The Better Fighter? HK Film Director Wong Jing Ends Debate With The Perfect Answer”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top