မိခင်ဗိုက်ထဲမှာ ကျည်ဆန်ထိမှန်ခဲ့တဲ့ သန္ဓေသား အသက်ရှင်ပေမယ့် ကိုယ်တစ်ပိုင်းသေခဲ့

96802744_brazil.jpg

မိခင်ဝမ်းဗိုက်ထဲရှိနေတဲ့ သန္ဓေသားတစ်ဦးဟာ လမ်းကြောင်းမှားရောက်လာတဲ့ကျည်ဆန် (Stray bullet) ထိမှန်ခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ကိုယ်ဝန် ၉ လရှိနေတဲ့ ဆန်းတို့စ်မီလိုဟာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ လမ်းလျှောက်နေတုန်း သေနတ်ပစ်ခတ်မှုနဲ့ ကြုံခဲ့ပြီး သူ့တင်ပါးကို ကျည်ဆန် ထိမှန်ခဲ့ပါတယ်။ အဲဒီကျည်ဆန်က သန္ဓေသားကိုပါ ထိခိုက်စေခဲ့ပြီး သန္ဓေသားဟာကျောရိုးဒဏ်ရာ အပါအဝင် ဒဏ်ရာ အများအပြား ရခဲ့ပါတယ်။

အဲဒီနောက်မှာ ဆန်းတို့စ်မီလိုကို အရေးပေါ်ခွဲစိတ်ပြီး ကလေးငယ် အာသာကို မွေးဖွားခဲ့ပါတယ်။ ကလေးငယ် အာသာဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့် ကျောရိုးဒဏ်ရာကြောင့် ခန္ဓာကိုယ် အောက်ပိုင်း အကြောသေခဲ့ပါတယ်။ အာသာရဲ့ မိဘနှစ်ဦးနဲ့ ဆွေမျိုးတွေကတော့ အာသာ ကျန်းမာရေး ပြန်ကောင်းလာပြီး လမ်းပြန်လျှောက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ ၂၀၁၇ ခုနှစ်အစကနေ မေလအလယ်ပိုင်းအထိ လမ်းကြောင်းမှားရောက်လာတဲ့ ကျည်ဆန်ထိမှန်ခဲ့သူ ၆၆ ဦးရှိပြီး ကျည်ဆန်ထိမှန်ခဲ့သူတွေအနက် သုံးပုံ တစ်ပုံကျော် သေဆုံးခဲ့တယ်လို့ ဘရာဇီးသတင်းစာ တစ်စောင်က ဖော်ပြထားပါတယ်။

Ref: Brazilian family hold hope for ‘miracle’ baby shot in womb

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply