အမေရိကန်မှာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ ဒေးဗစ်ဘက်ခမ်းတို့ လင်မယား

9-9-2020-yyl-017.jpg

အခုနောက်ပိုင်းမှာ နာမည်ကြီးအနုပညာရှင်စုံတွဲတွေလည်း ကိုဗစ်ကူးစက်ခံနေရပါတယ်။ ဒီတစ်ခါမှာလည်း ဒေးဗစ်ဘတ်ခမ်းနဲ့ သူ့ဇနီး ဗစ်တိုးရီးယားဘတ်ခမ်းတို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ သူတို့စုံတွဲက အမေရိကန်နိုင်ငံမှာ ဘတ်ခမ်းရဲ့ဘောလုံးကလပ်အသစ် Inter Miami CFအတွက် ပရိုမိုးရှင်းဆင်းခဲ့ပြီးတဲ့နောက် ကိုဗစ်ကူးစက်ခံခဲ့ရပြီး ရောဂါကို တိတ်တဆိတ်တွန်းလှန်နေခဲ့တာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒေးဗစ်ဘတ်ခမ်းတို့စုံတွဲနဲ့ သူ့မိသားစုတို့က Inter Miami Cf အတွက် ပံ့ပိုးမှုတွေလုပ်ပေးဖို့အတွက် မတ်လ ၁ ရက်နေ့မှာ လော့အိန်ဂျလိ့စ်မှာ ရှိနေခဲ့တာပါ။ ဘက်ခမ်းတို့ လင်မယားဟာ ဘရွတ်ကလင်းရဲ့ ၂၁ နှစ်ပြည့်မွေးနေ့ပါတီအတွက် မတ်လ ၄ ရက်နေ့မှာ ဗြိတိန်ကို ပြန်သွားခဲ့ပေမဲ့ အဲဒီနောက်မှာ အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့ကို ပြန်လာပြီး ဘောလုံးကလပ်အတွက် ပရိုမိုးရှင်းဆင်းနေခဲ့ကြတယ်လို့ The Sun သတင်းဌာနက ဆိုထားပါတယ်။

ကားသမား၊ ဘောဒီဂတ်၊ လက်ထောက်အပါအဝင် ဘတ်ခမ်းတို့ရဲ့အဖွဲ့သားတော်တော်များများလည်း ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ ဗစ်တိုးရီးယားက သူတို့ဟာ ကိုဗစ်ရောဂါဖြန့်တဲ့သူဖြစ်မှာဆိုးနေတယ်လို့ ဆိုပါတယ်။ ဘတ်ခမ်းတို့စုံတွဲက ပရိုမိုးရှင်းဆင်းနေစဉ်အတွင်းမှာ ပရိသတ်တွေ၊ အရေးကြီးပုဂ္ဂိုလ်တော်တော်များများနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ နှုတ်ဆက်အနမ်းပေးတာတွေလုပ်ခဲ့တဲ့အတွက် ကိုဗစ်ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဘတ်ခမ်းက အရင်ဆုံးဖျားနာခဲ့ပြီး အဲဒီနောက်မှာ ဗစ်တိုးရီးယားက လည်ချောင်းနာတာနဲ့ အဖျားကြီးတဲ့လက္ခဏာရပ်တွေပြကာ ဖျားနာခဲ့ပါတယ်။

“ဘတ်ခမ်းက စပြီး ဖျားသလိုခံစားခဲ့ရပြီး အဲဒီနောက်မှာ ဗစ်တိုးရီးယားက လည်ချောင်းနာပြီး ကိုယ်အပူချိန်ပြင်းလာခဲ့ပါတယ်။ အဲဒီတစ်ချိန်တည်းမှာ သူ့ရဲ့အဖွဲ့သားတော်တော်များများလည်း ဖျားနာခဲ့ပါတယ်။ အဲဒီထဲက နှစ်ဦးကတော့ တော်တော်ဆိုးပါတယ်။ ဘတ်ခမ်းတို့မိသားစုအကုန်လုံး (၂) ပတ်ကျော် Quarantine ခံယူခဲ့ရပါတယ်။ ဗစ်တိုးရီးယားက ကိုဗစ်ဖြန့်ဝေတဲ့သူဖြစ်မှားဆိုးနေပြီး နောက်ထပ်ဖြစ်မလာအောင်လည်း အစွမ်းကုန်လုပ်ဆောင်ခဲ့ပါတယ်။ ဗစ်တိုးရီးယားက အိပ်ရာထဲလဲနေတဲ့အပြင် အရမ်းကို ထိတ်လန့်နေပါတယ်။ ရက်တစ်ပတ်တော်တော်ကြာနေပါပြီ”လို့ ဘတ်ခမ်းတို့နဲ့ ရင်းနှီးတဲ့ Source က ပြောပါတယ်။

ဘတ်ခမ်းတို့စုံတွဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီးတဲ့နောက်မှာ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ဘက်ခမ်းတို့ လင်မယားက သူတို့ရဲ့အဖွဲ့သားတွေနဲ့ ဆွေးနွေးခဲ့ကြတယ်။ သူတို့စုံတွဲက ရောဂါပြင်းပြင်းထန်ထန်ခံစားနေရတဲ့ အဖွဲ့သားနှစ်ဦးဆီ လိုအပ်တဲ့ပစ္စည်းတွေပို့ပေးခဲ့ပါတယ်။ ဘတ်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့ပြောရေးဆိုခွံင့်ရှိသူကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတုံ့ပြန်ပြောကြားလာခြင်းမရှိဘူးလို့သိရပါတယ်။

Ref: Tribune “David, Victoria Beckham contract coronavirus after partying in the US: report”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top