မြန်မာနိုင်ငံကို ကြားဖြတ်စီမံချက်(၄)ခု ဆောင်ရွက်ဖို့ ICJ က အမိန့်ချမှတ်

yyl-027-12.jpg

ဂျီနိုဆိုက်ကွန်ဗန်းရှင်းကို ဖောက်ဖျက်တယ်လို့ ဂမ်ဘီယာနိုင်ငံက အမှုစွဲဆိုထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရုံး(ICJ)က မြန်မာနိုင်ငံကို ကြားဖြတ်စီမံချက်(၄)ခု ဆောင်ရွက်ဖို့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

ပထမအချက်ကတော့ ဂျီနိုဆိုက် တားဆီးကာကွယ်ရေးနဲ့ အရေးယူမှုဆိုင်ရာ ကွန်ဗန်းရှင်းရဲ့ ပုဒ်မ(၂)အရ မျိုးနွယ်စုတစ်စုရဲ့ မျိုးနွယ်ဝင်တွေကို သတ်ဖြတ်တာ၊ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရအောင် လုပ်တာ၊ ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးမှု ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ၊ မျိုးနွယ်စုအတွင်း ကလေး မမွေးနိုင်စေဖို့ ရည်ရွယ်ပြီး စည်းမျဉ်းတွေ ချမှတ်တာ၊ မျိုးနွယ်စုတစ်စုက ကလေးတွေကို တခြားမျိုးနွယ်စုရဲ့ အတင်းအကျပ်လွှဲပြောင်းပေးတာ စတဲ့အချက်တွေကို ရှောင်ကြဉ်ရမယ်လို့ ဆိုပါတယ်။

– ဒုတိယအချက်ကတော့ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေက ဘင်္ဂါလီတွေကို ဂျီနိုဆိုက်ကျူးလွန်ရာ ရောက်စေမယ့်လုပ်ရပ်မျိုးတွေ မလုပ်နိုင်အောင် တားဆီးကာကွယ်ပေးဖို့၊
– တတိယအချက်ကတော့ ဂျီနိုဆိုက် တားဆီးကာကွယ်ရေးနဲ့ အရေးယူမှုဆိုင်ရာ ကွန်ဗန်းရှင်းရဲ့ ပုဒ်မ(၂)ပါ အကြောင်းအရာတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေကို မဖျက်စီးဖို့၊ အကောင်းပကတိအတိုင်း ထိန်းသိမ်းထားဖို့၊
– စတုတ္ထအချက်ကတော့ အမိန့်ချမှတ်လိုက်တဲ့နေ့ကစပြီး ကြားဖြတ်စီမံချက်တွေ အကောင်အထည်ဖော်ဆောင်နေတာကို လေးလအတွင်း နိုင်ငံတကာတရားရုံးထံ အစီရင်ခံတင်ပြရမယ်လို့ ဆိုပါတယ်။ ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ဖို့ ICJ ရဲ့အမိန့်ချမှတ်မှုဟာ ပင်မအမှုနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top