ကိုဗစ်ရောဂါကြောင့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပမည်မဟုတ်

25-8-2020-yyl-007.jpg

မြန်မာနိုင်ငံမှာ Covid-19 ရောဂါဖြစ်ပွားနေတဲ့အတွက် အခုနှစ်တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ကျင်းပဖြစ်မှာ မဟုတ်ဘူးလို့ ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များ အသင်းမှ သိရပါတယ်။ လတ်တလောမှာ Covid-19 ရောဂါနဲ့ပတ်သက်ပြီး ပြည်တွင်းကူးစက်မှုနှုန်းပြန်လည်မြင့်တက်လာပြီး ဖြေလျော့မှုတွေလည်း ပြန်လည်တင်းကျပ်လာတဲ့အတွက် မီးပုံးပျံပွဲတော်ကို ကျင်းပဖြစ်မှာ မဟုတ်တော့ဘူးလို့ ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များ အသင်း ထုတ်ပြန်ချက်အရသိရပါတယ်။

ယခင်က တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို တန်ဆောင်မုန်း လပြည့် မတိုင်မီ (၉) ရက်နေ့မှာ စတင်ကာ ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်မှာ နေ့လွှတ်အရုပ်၊ ညမီးကြီး၊ စိန်နားပန်ပြိုင်ပွဲ စတဲ့ မီးပုံးပျံအလုံးရေ (၃၀၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ကာ (၁၀) ရက်ကြာ ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော် ပြိုင်ပွဲကို ၁၉၅၀ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး နှစ်ပေါင်း (၇၀) သက်တမ်းအတွင်း ၁၉၇၀ ပြည့်နှစ်က ပလိပ်ရောဂါကြောင့် ပွဲတော်မကျင်းပဖြစ်ခဲ့ပေ။

Photos- ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top