မဲဆွယ်ကာလအတွင်း အမုန်းစကားတွေ၊ သတင်းအမှား၊ သတင်းအတုတွေ တက်လာမှာကို စိုးရိမ်နေ

25-8-2020-yyl-001.png

ရန်ကုန် ဩဂုတ် ၂၅

၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးရေးကာလ နီးကပ်လာပြီဖြစ်တဲ့အတွက် အမုန်းစကားတွေ၊ သတင်းအမှားတွေ၊ သတင်းအတုတွေတက်လာမှာကို စိုးရိမ်ပါတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ပြောကြားလိုက်ပါတယ်။

နေပြည်တော်၊ Parkroyal ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဌမအကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုး တိုးတက်ရေးညီလာခံဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

”အမုန်းစကားတွေ၊ မတရားသဖြင့် ဝေဖန်တိုက်ခိုက်တာတွေ ပေါ်ပေါက်မလာဖို့ ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ လိုပါတယ်။ သတင်းအမှားဖြန့်ချိရင်လည်း ဒါသည်မှားယွင်းကြောင်း ဖော်ထုတ်ပေးကြဖို့ လိုပါတယ်။ ဒါဟာ မီဒီယာ သမားတွေအားလုံးဆောင်ရွက်သင့်တဲ့ တာဝန်ဖြစ်တယ်လို့ ပြောချင်ပါတယ်”လို့လည်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။

ဒီလိုမျိုးတွေတက်လာရင် တစ်ယောက်နဲ့ တစ်ယောက်အထင်အမြင်လွဲမှားပြီးတော့ ပဋိပက္ခတွေပေါ်လာ နိုင်မယ်လို့ ယူဆတဲ့အတွက် ဘယ်လိုကာကွယ်မလဲဆိုတဲ့နည်းလမ်းတွေကို သတင်းမီဒီယာကောင်စီ၊ Facebook Team တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဦးလှသိန်းက ဆိုပါတယ်။

ဒါ့ကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို အောင်မြင်ချောမောစွာ ကျင်းပနိုင်ဖို့အတွက် ပြည်သူတွေ၊ မဲဆန္ဒရှင်တွေအတွက် လိုအပ်တဲ့အကူအညီတွေနဲ့ ပညာပေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ပေးကြပါလို့လည်း ဦးလှသိန်းက မေတ္တာရပ်ခံလိုက်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top