ဒတ်ချ်လူမျိုးအမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါပိုး (၂) ကြိမ်ကူးစက်ခံရပြီး သေဆုံး

13-10-2020-yyl-008-2.jpg

ဒတ်ချ်လူမျိုးသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးဟာ ကိုဗစ်ရောဂါပိုး (၂) ကြိမ်ကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုး (၂) ကြိမ်ကူးစက်ခံရပြီး သေဆုံးတာ အဲဒီအမျိုးသမီးက ပထမဆုံးပါ။ အသက် (၈၉) နှစ်အရွယ် အဲဒီအမျိုးသမီးက ရောဂါအခံရှိသူဖြစ်ပါတယ်။ Waldenstrom’s macroglobulinemia လို့ခေါ်တဲ့ ရှားပါးရိုးတွင်းခြင်ဆီကင်ဆာရောဂါကို ခံစားနေရတာပါ။ အဲဒီအမျိုးသမီး ခံယူခဲ့ရတဲ့ ကင်ဆာကုထုံးတွေကြောင့် သူ့ရဲ့ကိုယ်ခံအားနစ်အားနည်းသွားခဲ့ရတယ်လို့ နယ်သာလန်က Maastricht University Medical Center ရဲ့သုတေသီတွေက ဆိုပါတယ်။

ဒါပေမဲ့ ကင်ဆာရောဂါအတွက် သူ ခံယူခဲ့ရတဲ့ ကုသနည်းက အသက်အန္တရာယ်ခြိမ်းခြောက်နေတဲ့ရောဂါမှာ လုံးဝသက်ရောက်မှုမရှိတဲ့အတွက် သူ့ရဲ့သဘာဝကိုယ်ခံအားစနစ်တုံ့ပြန်မှုက ကိုဗစ်ရောဂါကို တွန်းလှန်ဖို့ အလုံအလောက်တော့ရှိနေခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။ အခုနှစ်အစောပိုင်းမှာ လူနာက ချောင်းဆိုးတာ၊ ဖျားနာတဲ့ရောဂါလက္ခဏာတွေနဲ့အတူ ကိုဗစ်ရောဂါပိုးကို တွေ့ရှိခဲ့တဲ့အတွက် ဆေးရုံတက်ခဲ့ရပါတယ်။ (၅) ရက်အကြာမှာ ရောဂါလက္ခဏာတွေ သက်သာသွားတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ကင်ဆာရောဂါအတွက် ဓာတုကုထုံးခံယူပြီး (၂) ရက်၊ ပထမအကြိမ် ကိုဗစ်ရောဂါပိုးစတင်ခဲ့ပြီး (၅၉) ရက်မှာ အဲဒီအမျိုးသမီးက ဖျားနာပြီး ချောင်းဆိုးခဲ့တဲ့အပြင် အသက်ရှုရခက်တာတွေဖြစ်လာခဲ့ပါတယ်။

နောက်တစ်ခေါက် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရပြီး (၄) ရက်၊ (၆) ရက်မြောက်နေ့မှာ သူ့သွေးစနစ်ထဲက ပဋိပစ္စည်းရှာမတွေ့ခဲ့ပါဘူး။ (၈) ရက်မြောက်နေ့မှာ သူ့ရဲ့ရောဂါအခြေအနေ ဆိုးရွားလာခဲ့ပါတယ်။ (၂) ပတ်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ (၂) ကြိမ် ရောဂါကူးစက်ခံရတဲ့ကြားမှာ အဲဒီအမျိုးသမီးက ရောဂါပိုးမစစ်ဆေးခဲ့ပါဘူး။ ဒါကြောင့် သုတေသီတွေက အတည်ပြု Negative ရလဒ် မရှိခဲ့ပါဘူး။ ဒါပေမဲ့ Case နှစ်ခုလုံးက ရောဂါနာမူနာတွေကို စမ်းသပ်စစ်ဆေးခဲ့တာပေါ်မူတည်ပြီး (၂) ကြိမ်ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ ဗိုင်းရပ်စ်ပိုး တစ်ခုနဲ့တစ်ခု မျိုးရိုးဗီဇမတူတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ရောဂါကနေ ပြန်လည်သက်သာမယ့်အစား ကိုဗစ်ရောဂါပိုးက ဒုတိယအကြိမ်ပြန်ပေါ်တာဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။

ဒတ်ချ်လူမျိုးအမျိုးသမီးရဲ့ ရောဂါထုတ်ပြန်ချက်ကိုကြည့်မယ်ဆိုရင် ကိုဗစ်ရောဂါပြန်လည်ကူးစက်မှုက ပဋိပစ္စည်း လျော့နည်းပြီး ကိုယ်ခံအားစနစ်အားနည်းတဲ့အခါမှာ တွေ့ရှိရဖို့ဖြစ်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ပြန်လည်သက်သာသွားတဲ့သူတွေက ရောဂါပိုး ပြန်လည်ကူးစက်ခံနေရပါတယ်။ နာဗားဒါးပြည်နယ်က အသက် (၂၅) နှစ်အရွယ်အမျိုးသား (ရိုးရာလေးပရိသတ်တွေကို ဒီအမျိုးသားအကြောင်းဖော်ပြပေးထားပြီးသားပါ) နဲ့ ဟောင်ကောင်မြို့က အသက် (၃၃) နှစ်အရွယ်အမျိုးသားတွေကလည်း ကိုဗစ်ရောဂါပိုး (၂) ကြိမ်ကူးစက်ခံခဲ့ရပါတယ်။ ဟောင်ကောင်က အမျိုးသားဆိုရင် ပထမတစ်ခေါက် ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး (၄) လခွဲအကြာမှာ ကိုဗစ်ရောဂါပိုး ဒုတိယအကြိမ် ထပ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Ref: CNN “Dutch woman dies after catching Covid-19 twice, the first reported reinfection death”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top