အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး (၂) ကြိမ်ကူးစက်ခံရသူ ရှိလာ

13-10-2020-yyl-005-1.jpg

အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦးကို US မှာ ကိုဗစ်ရောဂါ (၂) ကြိမ်ကူးစက်ခံရတဲ့ ပထမဆုံးအမျိုးသားလို့ သုတေသီတွေက ယုံကြည်ထားကြပါတယ်။ နီဗားဒါးပြည်နယ်က အဲဒီအမျိုးသားက အရင်ဆုံး ဧပြီလမှာ ကိုဗစ်ရောဂါပိုးတွေရှိခဲ့ရပြီး အဲဒီနောက် ဇွန်လမှာ ရောဂါပိုး ထပ်တွေ့ရှိခဲ့ရတယ်လို့ The Lancet Infectious Diseases က သုတေသီတွေက ဆိုပါတယ်။
The University of Nevada နဲ့ Nevada State Public Health Laboratory က သုတေသီတွေဦးဆောင်တဲ့ အဖွဲ့က ဒီအမျိုးသားဟာ ရောဂါပိုးတွေရှိတဲ့အခေါက်တိုင်း ရောဂါလက္ခဏာပြခဲ့တယ်လို့ ပြောပါတယ်။

ရောဂါအခံမရှိတဲ့ ဒီလူနာက လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းလျောတာတွေစတဲ့ ရောဂါလက္ခဏာရပ်တွေကို မတ်လ ၂၅ ရက်နေ့မှာ စတင်ခံစားခဲ့ရပြီးတဲ့နောက် ဧပြီ ၁၈ ရက်နေ့မှာ ကိုဗစ်ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။ သူဟာ ရောဂါပိုးရှိနေတဲ့အတွက် သီးခြားနေထိုင်ခဲ့ပြီး ဧပြီ ၂၇ ရက်နေ့မှာ ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားခဲ့ပါတယ်။ အဲဒီနောက် မေလမှာ စစ်ဆေးတော့ ရောဂါပိုးစစ်ဆေးတဲ့အဖြေက Negative နှစ်ခါ ထွက်ခဲ့တယ်လို့ လေ့လာချက်က ဆိုပါတယ်။

ဒါပေမဲ့ မေလ ၃၁ ရက်နေ့မှာ သူက ဖျားနာတာ၊ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ချောင်းဆိုးတာ၊ မအီမသာဖြစ်တာ၊ ဝမ်းလျောတာတွေဖြစ်တဲ့အတွက် ဆေးကုခန်းကို သွားရောက်ခဲ့ပါတယ်။ ၅ ရက်အကြာမှာ အသက်ရှုကျပ်လာတဲ့အတွက် ဆရာဝန်နဲ့ပြခဲ့ပြီး အရေးပေါ်ခန်းမှာ ကုသမှုခံယူခဲ့ရကာ ဇွန်လ ၅ ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒုတိယမြောက်ရောဂါပိုးကူးစက်ခံရတာက ပထမအခေါက်ထပ် ပိုပြင်းထန်ပြီး (၆) ပတ်လောက် ကြာတယ်လို့ သုတေသီတွေက ဆိုပါတယ်။

အဲဒီအမျိုးသားရဲ့စနစ်မှာတွေ့ရတဲ့ ဗိုင်းရပ်စ်ဖြစ်စေတဲ့ပစ္စည်းနှစ်ခုလုံးက မျိုးရိုးဗီဇကို ရှင်းရှင်းလင်းလင်းပြပါတယ်။ အမျိုးသားက ဗိုင်းရပ်စ်ကူးစက်ခံရဖို့ ကိုယ်ခံအားစနစ်အမြဲအားနည်းလား၊ ကိုယ်ခံအားစနစ်က ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာကတော့ မရှင်းလင်းပါဘူး။ ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့လူနာတွေရဲ့ ရောဂါကာကွယ်ပေးနိုင်တဲ့ကိုယ်ခံအားစနစ်ရဲ့အဆင့်ကို မသိရတဲ့အတွက်၊ ထပ်မံကူးစက်နိုင်ခြင်းရဲ့ဖြစ်နိုင်ချေကိုလည်း ကောင်းကောင်းနားလည်လို့မရတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ လူနာက ရောဂါပိုးကူးစက်ခံရတဲ့နှစ်ကြိမ်လုံး မျိုးရိုးဗီဇသိသာတဲ့ ဗိုင်းရပ်စ်ကြောင့်ကူးစက်ခံရတာဖြစ်တယ်လို့တော့ လေ့လာချက်က ဆိုပါတယ်။

The Brown University School of Public Health ရဲ့ ဌာနမှူး ဒေါက်တာ အက်ရှိချ် ဂျဟာက ကိုဗစ်ပိုး ပြန်ကူးစက်ခံစားရနိုင်တဲ့ အခြားအကြောင်းအရင်းတွေရှိတယ်လို့ အင်္ဂါနေ့က ပြောပါတယ်။ “ကျွန်တော်တို့ ရောဂါပိုး နောက်ထပ်ပြန်တွေ့နေရတဲ့သူတစ်ချို့ရှိနေတာ တွေ့ရပါတယ်။ လူအနည်းစုပါပဲ။ တချို့လူတွေပဲ ရောဂါပိုးကူးစက်နေတာပါ”လို့ သူက ပြောပါတယ်။ အရင်က ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတဲ့လူတွေက ရောဂါပျောက်ကင်းသွားပေမဲ့လည်း ထပ်ပြီးမကူးစက်ဖို့အတွက် ကြိုတင်ကာကွယ်မှုတွေ ဆက်လက်လုပ်ဆောင်ပေးသင့်ပါတယ်။

ရောဂါပြန်လည်ကူးစက်ခံရမှုရဲ့ဖြစ်နိုင်ချေက ကုသဆေးဖြစ်ထွန်းဖို့အတွက်လည်း အရေးကြီးနိုင်တယ်လို့ ပြောပါတယ်။ Nevada IDEA Network of Biomedical Research and the Natioanal Institute of General Medical Sciences က ငွေကြေးထောက်ပံ့တဲ့လေ့လာချက်ကလည်း ရောဂါပိုးပြန်လည်ကူးစက်မှုတွေက ဟောင်ကောင်၊ နယ်သာလန်၊ ဘယ်ဂျီယံနဲ့ အီကွေဒေါနိုင်ငံတွေမှာလည်းတွေ့နေရတယ်လို့ ဆိုထားပါတယ်။

Ref: CBSNews “25-year-old man first in U.S. to catch COVID-19 twice, researchers say”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top