နှာခေါင်းစည်းတွေကို ဓာတ်ဆီနဲ့ ပိုးသတ်ကြဖို့ ဒူတာတေး ထပ်ပြော

30-7-2020-yyl-006-1.jpg

ပြည်သူတွေအနေနဲ့ သူတို့ရဲ့နှာခေါင်းစည်းတွေကို ဓာတ်ဆီနဲ့ ပိုးသတ်ကြဖို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောခဲ့ပြီး အဲဒီမှတ်ချက်က ဟာသလုပ်တာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒူတာတေးဟာ ပြီးခဲ့တဲ့တစ်ပတ်ကလည်း အလားတူမှတ်ချက်တွေ ပေးခဲ့ပေမဲ့ အရာရှိတွေက အချိန်တိုအတွင်း ပြင်ဆင်ပေးခဲ့ကြပြီး ဟာသလုပ်တာပါလို့ ဖြေရှင်းချက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာတော့ ဒူတာတေးက ” ကျွန်တော် ပြောခဲ့တာ အမှန်ပါ။ အရက်ပြန်ဝယ်လို့မရဘူးဆိုရင် အထူးသဖြင့် ဆင်းရဲသားတွေပေါ့။ ဓာတ်ဆီဆိုင်သွားပြီး ဓာတ်ဆီနဲ့ ပိုးသတ်ကြပါ”လို့ ဆိုခဲ့ပါတယ်။

ဓာတ်ဆီက နှာခေါင်းစည်းတွေကို ပိုးသတ်ပေးနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားမရှိပါဘူး။ ဓာတ်ဆီနဲ့ ကာလရှည်ထိတွေ့ရင် အန္တရာယ်ဖြစ်စေနိုင်သလို မီးလောင်နိုင်ခြေလည်း ရှိပါတယ်။ ကျန်းမာရေးအရာရှိတွေကတော့ အဝတ်နှာခေါင်းစည်းတွေကို ပုံမှန်အတိုင်း လျှော်ဖွတ်ကြပြီး ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေကိုတော့ တစ်ခါအသုံးပြုပြီးတာနဲ့ အသစ်လဲလှယ်ကြဖို့ လမ်းညွှန်ထားပါတယ်။

ဒူတာတေးဟာ အစောပိုင်း သူ့ရဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီး ” ဝေဖန်သူတွေက ဒူတာတေး စိတ်မနှံ့ဘူး၊ ရူးနေပြီလို့ ပြောကြတာ။ ကျွန်တော်သာ ရူးနေရင် ခင်ဗျားတို့ပဲ သမ္မတဖြစ်မှာပေါ့။ ကျွန်တော်က ဘယ်လိုလုပ်ပြီး သမ္မတဖြစ်မှာလဲ”လို့ တုံ့ပြန်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top