သေနေတဲ့ သားပေါက်ကို ၁၇ ရက်ကြာ သယ်ဆောင်ခဲ့ပြီး ဝေလငါးအမ နောက်တစ်ကြိမ် သန္ဓေတည်

30-7-2020-yyl-007-1.jpg

သေနေတဲ့ သားပေါက်ကို ၁၇ ရက်ကြာ တင်ဆောင်ပြီး မိုင် ၁၀၀၀ အကွာအဝေးကို ကူးခတ်ခဲ့လို့ နာမည်ကျော်ကြားခဲ့တဲ့ ဝေလငါး(Killer Whale)အမက နောက်တစ်ကြိမ် သန္ဓေတည်နေပြီလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ၂၀၁၈ ခုနှစ်က တောင်ပိုင်းဒေသမှာ ကျက်စားတဲ့ ဝေလငါးတွေကို မောင်းသူမဲ့ယာဉ်နဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေတုန်း ဝေလငါးအမက သားပေါက်ကို တင်ဆောင်ပြီး ၁၇ ရက်ကြာ ကူးခတ်ခဲ့တာကို ဝါရှင်တန်ပြည်နယ်ရဲ့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာပါ။ Killer Whale မျိုးစိတ်ဝင် ဝေလငါးအမတွေက အသက်မရှိတော့တဲ့ သားပေါက်တွေကို တစ်ပတ်ကြာ သယ်ဆောင်လေ့ရှိပေမဲ့ တာလီကွာ(Tahlequah)ကတော့ ၁၇ ရက်ကြာ တင်ဆောင်ပြီး စံချိန်သစ်တင်ခဲ့တာပါ။

တာလီကွာဟာ ဝေလငါး ၇၂ ကောင် ပါဝင်တဲ့ အစုအဖွဲ့ ၃ ဖွဲ့မှာ ပါဝင်ပါတယ်။ အဲဒီအစုအဖွဲ့ ၃ ဖွဲ့က ဝေလငါးတွေကို ကနေဒါနိုင်ငံ ဗန်ကူးဗားကျွန်းရဲ့ တောင်ဘက်စွန်း ကမ်းလွန်ပိုင်းနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်ရဲ့ ကုန်းတွင်းပိုင်း ရေပိုင်နက်မှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ကနေဒါနဲ့ အမေရိကန်နိုင်ငံ နှစ်နိုင်ငံလုံးက တောင်ပိုင်းဒေသမှာ ကျက်စားတဲ့ ဝေလငါးတွေကို မျိုးသုဉ်းပျောက်ကွယ်မည့်စာရင်းမှာ ထည့်သွင်းထားပါတယ်။ Killer Whale မျိုးစိတ်ဝင် ဝေလငါးအမတွေ သားပေါက်အရှင် မမွေးနိုင်တာဟာ အာဟာရချို့တဲ့မှု၊ ချီနုဆယ်လ်မွန်ငါးတွေကို မစားသုံးရမှု စတဲ့အချက်တွေနဲ့ ဆက်နွှယ်နေတယ်လို့ ဝါရှင်တန်တက္ကသိုလ်ရဲ့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top